အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟော​ရှေ 13:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​ဤ​သူ​တို့​ကို​မရ​ဏာ​နိုင်​ငံ​မှ​လည်း ကောင်း၊ သေ​မင်း​၏​အာ​ဏာ​အ​တွင်း​မှ​သော် လည်း​ကောင်း​ကယ်​တင်​မည်​မ​ဟုတ်။ အို သေ​မင်း သင်​၏​ကပ်​ရော​ဂါ​ဘေး​ကျ​ရောက်​စေ​လော့။ အို မ​ရ​ဏာ​နိုင်​ငံ​သင်​၏​ပျက်​စီး​ခြင်း​ဘေး ကျ​ရောက်​စေ​လော့။ ငါ​သည်​ဤ​သူ​တို့​ကို မ​သ​နား​မ​ကြင်​နာ​တော့​ပြီ။-

အခန်းကိုကြည့်ပါ။

Garrad Bible

မ ရ ဏာ့ နိုင် ငံ တန် ခိုး မှ ရွေး ခြင်း၊ သေ မင်း လက် မှ နုတ် ခြင်း ကို ငါ ပြု မည် လော။ အို သေ မင်း၊ သင့် ဆိုင် ရာ ဘေး၊ အို မ ရ ဏ နိုင် ငံ၊ သင့် ဆိုင် ရာ အ န္တ ရာယ် သည်၊ အ ဘယ် မှာ နည်း။ က ရု ဏာ မျက် နှာ တော် လွှဲ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​ကို မ​ရ​ဏနိုင်​ငံ​တန်​ခိုး​မှ ငါ​ကယ်​လွှတ်​မည်။ သေ​မင်း​လက်​မှ​လည်း ရွေး​မည်။ အို သေ​မင်း၊ သင့်​ကို ကာ​လ​နာ​စွဲ​စေ​မည်။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၌ ဖျက်​ဆီး​သော​ဘေး​ကို ရောက်​စေ​မည်။ နောင်​တ​ရ​မည်​အ​ကြောင်း​ကို ပ​မာ​ဏ​မ​ပြု။

အခန်းကိုကြည့်ပါ။



ဟော​ရှေ 13:14
32 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို သနား​သော​အားဖြင့် ကောင်းကင်တမန်​က ‘သူ့​ကို သေတွင်း​မှ ကယ်တင်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ရွေးနုတ်စရာ​အဖိုးအခ​ကို တွေ့​ပါ​ပြီ’​ဟု ဆို​လိမ့်မည်​။


သူ့​ခွန်အား​သည် သူ့​လည်ပင်း​၌ ရှိ​၏​။ သူ့​ရှေ့​ရောက်​သည်​နှင့် ကြောက်လန့်​၍ ပြန်ထွက်ပြေး​ရ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အား ပုပ်ပျက်​ခြင်း​နှင့်​ကြုံတွေ့​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​ထဲမှ​ထုတ်ဆောင်​တော်မူ​၍ အကျွန်ုပ်​ကို သေတွင်း​ထဲသို့​မ​ဆင်းသွား​စေ​ဘဲ ဆက်၍​အသက်ရှင်​စေ​တော်မူ​ပြီ​။


သို့သော် ဘုရားသခင်​သည် ငါ့​ကို​ခေါ်ယူ​တော်မူ​မည်​ဖြစ်​သောကြောင့် ငါ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​လက်​မှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။(​စေလာ)


လူ​တစ်​ဦး​သည် ချမ်းသာကြွယ်ဝ​လာ​၍ သူ့​အိမ်​၏​ဘုန်းစည်းစိမ်​တိုးပွား​လာ​သောအခါ သင်​သည် မဝံ့မရဲ​မ​ဖြစ်​နှင့်​။


အကျွန်ုပ်​အား များစွာ​သော​ဆင်းရဲဒုက္ခ​နှင့် ဘေးအန္တရာယ်​တို့​ကို ကြုံတွေ့​စေ​တော်မူ​သော​ကိုယ်တော်​သည် အကျွန်ုပ်​ကို အသက်ရှင်​စေ​၍ မြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​ထဲမှ အကျွန်ုပ်​ကို ပြန်​တက်လာ​စေ​တော်မူ​လိမ့်မည်​။


အကြောင်းမူကား အကျွန်ုပ်​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို နက်ရှိုင်း​သော​မရဏာနိုင်ငံ​မှ ကယ်နုတ်​တော်မူ​ပြီ​။


သေ​ခြင်း​ကို ထာဝရ​ပျက်စီး​စေ​တော်မူ​မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် လူ​ခပ်သိမ်း​တို့​၏​မျက်နှာ​မှ မျက်ရည်​ကို သုတ်ပေး​တော်မူ​မည်​။ မိမိ​လူမျိုး​တော်​ခံရ​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို မြေ​တစ်ပြင်လုံး​မှ​ဖယ်ရှား​တော်မူ​မည်​။ ထိုသို့ ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။


ကိုယ်တော်​၌ သေဆုံး​သော​သူ​တို့​သည် ပြန်ရှင်​ကြ​မည်​။ ငါ​နှင့်​သက်ဆိုင်သော​အသေကောင်​သည် ထမြောက်​မည်​။ မြေမှုန့်သား​တို့​၊ နိုး​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​နှင်း​သည် နံနက်ခင်း​နှင်း​ကဲ့သို့​ဖြစ်​၏​။ မြေကြီး​သည် သေသူ၏ဝိညာဉ်​ကို မွေးဖွား​စေ​လိမ့်မည်​။


တစ်ဖန် ထာဝရဘုရား​က “​သင်​သည် ငါ့​ကို ပစ်ပယ်​လေ​ပြီ​။ ငါ့​ကို ကျောခိုင်း​သွား​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ဖျက်ဆီး​မည်​။ သင့်​ကို သက်ညှာ​ရ​သည်​မှာ ငါ​ပင်ပန်း​လှ​ပြီ​။


ထာဝရဘုရား မ​နှမြော​ဘဲ ဖျက်ဆီး​ပစ်​သော​မြို့​များ​ကဲ့သို့ ထို​သူ​ဖြစ်​ပါစေ​။ နံနက်အချိန်​၌ အော်ဟစ်သံ​၊ မွန်းတည့်​အချိန်​၌ အချက်ပေးသံ​တို့​ကို ကြား​ရ​ပါစေ​။


နေ့​အချိန်​၌ အလင်းရောင်​ရရှိ​ရန် နေ​ကို​ပေး​သော​အရှင်​၊ ညအချိန်​၌ အလင်းရောင်​ပေး​ရန် လ​နှင့်​ကြယ်​များ​ကို ပြဋ္ဌာန်း​သော​အရှင်​၊ ပင်လယ်​ရေ​ကို​ထကြွ​စေ​သော​အရှင်​၊ လှိုင်းတံပိုး​ကို​မြည်ဟိန်း​စေ​သော​အရှင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟု ဘွဲ့နာမ​ရှိ​တော်မူ​သော ထာဝရဘုရား​က ဤသို့​မိန့်​တော်မူ​၏​။


ထိုအခါ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ အသက်လေ​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အို အသက်​လေ​၊ သေ​သူ​တို့​အသက်ရှင်​လာ​အောင် အရပ်​လေး​မျက်နှာ​မှ​လာ​၍ သူ​တို့​အထဲ​သို့ အသက်လေ​ကို မှုတ်သွင်း​လော့’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


နှစ်​ရက်​လွန်​ပြီးနောက် ငါ​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​တွင် ငါ​တို့​ကို ပြန်လည်​ထမြောက်​စေ​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော့်​ရှေ့​တော်​တွင် အသက်ရှင်​ခွင့်​ရ​ကြ​လိမ့်မည်​။


အစ္စရေး​၏​မာန​သည် သူ့​ကို​ဆန့်ကျင်​၍ သက်သေပြ​လေ​ပြီ​။ သို့သော် သူ​တို့​သည် ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လာ​ကြ​။ သူ​တို့​ပြု​ခဲ့​သမျှ​သော​အမှု​များ​အတွက် ကိုယ်တော့်​ကို မ​ရှာ​ကြ​။


“အကယ်စင်စစ် ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ပြောင်းလဲ​ခြင်း မ​ရှိ​။ ထို့ကြောင့် ယာကုပ်​သားမြေး​တို့​၊ သင်​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ရ​ကြ​။


လိမ်လည်​ပြောဆို​ရ​အောင် ဘုရားသခင်​သည် လူ​ဖြစ်​သည်​မ​ဟုတ်​။ စိတ်ပြောင်းလဲ​ရ​အောင် လူသား​ဖြစ်​သည်​မ​ဟုတ်​။ ကိုယ်တော်​သည် မိန့်​တော်မူ​ပြီးမှ မ​ပြု​ဘဲ​နေ​တော်မူ​မည်လော​။ ကတိထား​တော်မူ​ပြီးမှ မ​တည်​ဘဲ​နေ​တော်မူ​မည်လော​။


အကြောင်းမူကား သူ​တို့​ပစ်ပယ်​ခံရ​ခြင်း​သည် လောကီသား​တို့​အတွက် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်ခံ​ခြင်း​သည် သေလွန်​သော​သူ​တို့​အသက်​ပြန်ရှင်​ခြင်း​ဖြစ်​လိမ့်မည်​မ​ဟုတ်​လော။


အကြောင်းမူကား ဘုရားသခင်​၏​ဆု​ကျေးဇူး​များ​နှင့်​ခေါ်ယူ​တော်မူ​ခြင်း​သည် ပြောင်းလဲ​ခြင်း​မ​ရှိ။


အကြောင်းမူကား ငါ​တို့​သည် ဤ​ယာယီ​တဲ​တွင်​ရှိ​နေ​စဉ် လေးလံ​သော​ဝန်​ကို​ထမ်း​၍ ညည်းတွား​ကြ​၏။ ထိုသို့​ညည်းတွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အပေါ်​၌​လွှမ်းခြုံ​လို​၍​သာ​ဖြစ်​ပြီး ထိုသို့အားဖြင့် သေ​တတ်​သော​အရာ​သည် အသက်ရှင်​ခြင်း​ထဲတွင် နစ်မြုပ်​စေ​ခြင်း​ခံရ​ရန်​ဖြစ်​၏။


ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။


အကြောင်းမူကား ယေရှု​သည် အသေခံ​ပြီးနောက် ထမြောက်​တော်မူ​သည်​ဟု ငါ​တို့​ယုံကြည်​ကြ​လျှင် ဘုရားသခင်​သည် ယေရှု​၌ အိပ်ပျော်​သော​သူ​တို့​ကို​လည်း ထို​ကဲ့သို့​ပင် ထို​သခင်​နှင့်အတူ​ခေါ်ထုတ်​တော်မူ​လိမ့်မည်။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


ပင်လယ်​သည် မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​လေ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည်​လည်း မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​ကြ​၏။ ထိုအခါ လူ​အသီးသီး​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။


ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထိုအခါ ငါ​ကြည့်​လိုက်​ရာ​စိမ်းဖန့်ဖန့်​မြင်း​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်တွင်​စီး​သော​သူ​သည် သေ​ခြင်း​ဟု​နာမည်​တွင်​၏။ သူ​၏​နောက်​မှ မရဏာ​နိုင်ငံ​သည်​လိုက်​လာ​၏။ သူ​တို့​သည် ဓား​ဘေး​ဖြင့်​လည်းကောင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ဖြင့်​လည်းကောင်း၊ သေ​ဘေး​ဖြင့်​လည်းကောင်း၊ မြေကြီး​ပေါ်ရှိ​သားရဲ​တိရစ္ဆာန်​ဘေး​ဖြင့်​လည်းကောင်း လူ​တို့​ကို​သတ်ဖြတ်​ရန် ကမ္ဘာ​မြေကြီး​၏​လေးပုံတစ်ပုံ​အပေါ် အခွင့်​အာဏာ​ကို​ရ​ကြ​၏။


အစ္စရေး​လူမျိုး​တို့​၏​ဘုန်းပိုင်ရှင်​သည် မုသား​မ​မြွက်ဆို​၊ စိတ်​တော်​လည်း ပြောင်းလဲ​မည်​မ​ဟုတ်​။ စိတ်​တော်​ပြောင်းလဲ​ရ​အောင် လူ​ဖြစ်​သည်​မ​ဟုတ်​”​ဟု သူ့​အား ဆို​၏​။