ဟောရှေ 7:10 - မြန်မာ့စံမီသမ္မာကျမ်း10 အစ္စရေး၏မာနသည် သူ့ကိုဆန့်ကျင်၍ သက်သေပြလေပြီ။ သို့သော် သူတို့သည် ဘုရားသခင်ထာဝရဘုရားထံ ပြန်မလာကြ။ သူတို့ပြုခဲ့သမျှသောအမှုများအတွက် ကိုယ်တော့်ကို မရှာကြ။ အခန်းကိုကြည့်ပါ။Common Language Bible10 ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။- အခန်းကိုကြည့်ပါ။Garrad Bible10 ဣ သ ရေ လ၌၊ ကိုယ့် မာ န ပင် မျက် မှောက် ထင် ထင် အ ပြစ် တင် သော် လည်း၊ ရောက် သ မျှ သော အ မှု ကြောင့်၊ ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ထံ မ ပြန် လာ၊ မ ရှာ ဖွေ ဘဲ၊ ဉာဏ် ကင်း၍ မ လိ မ္မာ သော ချိုး ငှက် သ ဖွယ်၊ အခန်းကိုကြည့်ပါ။Judson Bible10 ဣသရေလအမျိုး၏မာနသည် သူ့မျက်မှောက်၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ်ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မလာကြ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။