၁ ရာ 15:29 - မြန်မာ့စံမီသမ္မာကျမ်း29 အစ္စရေးလူမျိုးတို့၏ဘုန်းပိုင်ရှင်သည် မုသားမမြွက်ဆို၊ စိတ်တော်လည်း ပြောင်းလဲမည်မဟုတ်။ စိတ်တော်ပြောင်းလဲရအောင် လူဖြစ်သည်မဟုတ်”ဟု သူ့အား ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible29 ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible29 ဣ သ ရေ လ လူ မျိုး၏ တန် ခိုး ရှင် ကား က တိ တော် ပျက် ခြင်း၊ ပြောင်း လဲ ခြင်း များ ကို ပြု တော် မူ မည် မ ဟုတ်။ ကိုယ် တော် သည် ပြောင်း လဲ ရန် လူ ဖြစ် တော် မူ သည် မ ဟုတ် ဟု ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible29 ထိုမှတစ်ပါး ဣသရေလအမျိုး၏အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသားသုံးခြင်း၊ နောင်တရခြင်းနှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှာလူဖြစ်တော်မမူဟု ဆိုသော်၊ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။