တောလည် 23:19 - မြန်မာ့စံမီသမ္မာကျမ်း19 လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible19 ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ဘု ရား သ ခင် သည် မု သာ ဆို ရန် လူ၊ ပြောင်း လဲ ရန် လူ့ သား ဖြစ် တော် မူ သည် မ ဟုတ်။ ကိုယ် တော် သည် က တိ ထား ပြီး မှ မ ပြည့် စုံ စေ ဘဲ သ စ္စာ ဆို ပြီး မှ အ တည် မ ပြု ဘဲ နေ တော် မူ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible19 ဘုရားသခင်သည် မုသားစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ၊ ကတိတော်မတည်ဘဲ နေတော်မူမည်လော။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။