Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 49:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့သော် ဘုရားသခင်​သည် ငါ့​ကို​ခေါ်ယူ​တော်မူ​မည်​ဖြစ်​သောကြောင့် ငါ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​လက်​မှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။(​စေလာ)

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကယ်​တော်​မူ​လိမ့်​မည်။ သေ​မင်း​၏​လက်​မှ​ငါ့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ငါ့ ကို မူ ကား၊ ဘု ရား သ ခင် ဆောင် သွား၍၊ ငါ့ အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ တန် ခိုး မှ ရွေး နုတ် တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ငါ့​ကို​မူ​ကား၊ ဘု​ရား​သ​ခင်​သိမ်း​ယူ​တော်​မူ​သော​ကြောင့်၊ ငါ၏​ဝိ​ညာဉ်​ကို မ​ရ​ဏနိုင်​ငံ၏​တန်​ခိုး​မှ ရွေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 49:15
13 ပူးပေါင်းရင်းမြစ်များ  

ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ ဘုရားသခင်​သည် သူ့​ကို​ဆောင်ယူ​တော်မူ​သောကြောင့် သူ​သည်​မ​ရှိ​တော့​ပေ​။


အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့​အပ်နှံ​ပါ​၏​။ သမ္မာတရား​နှင့်​ပြည့်စုံ​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပြီ​။


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​ကယ်နုတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ အသက်​၏​အလင်း​ထဲတွင် လျှောက်လှမ်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​နှင့် ကင်း​စေ​တော်မူ​သည်​မ​ဟုတ်​လော​။


ကိုယ်တော်​၏​အကြံဉာဏ်​အားဖြင့် အကျွန်ုပ်​ကို​ရှေ့ဆောင်​လမ်းပြ​တော်မူ​ပြီးနောက် ဘုန်းအသရေ​တော်​ထဲသို့ ခေါ်ဆောင်​တော်မူ​လိမ့်မည်​။


အကြောင်းမူကား အကျွန်ုပ်​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို နက်ရှိုင်း​သော​မရဏာနိုင်ငံ​မှ ကယ်နုတ်​တော်မူ​ပြီ​။


မည်သူ​သည် သေ​ခြင်း​ကို​မ​မြင်​ရ​ဘဲ အသက်ရှင်​နိုင်​သနည်း​။ မည်သူ​သည် မိမိ​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၏​တန်ခိုး​မှ လွတ်မြောက်​စေ​နိုင်​သနည်း​။(​စေလာ)


ငါ​သည် သူ​တို့​ကို မရဏာနိုင်ငံ​မှ ကယ်နုတ်​မည်​။ သေမင်း​လက်​မှ ရွေးနုတ်​မည်​။ အို သေမင်း​၊ သင်​၏​ဘေး​ကား အဘယ်မှာ​နည်း​။ အို မရဏာနိုင်ငံ​၊ သင်​၏​အဆိပ်ဆူး​ကား အဘယ်မှာ​နည်း​။ သင့်​ကို ငါ​မသနား​မကြင်နာ​တော့​ပြီ​။”


ထိုအခါ ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လျက်“အို အဖ၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့ အပ်နှံ​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​ပြီးနောက် အသက်​ချုပ်ငြိမ်း​တော်မူ​၏။


ထိုသို့​သွား​၍ သင်​တို့​အတွက်​နေရာ​ပြင်ဆင်​ပြီးလျှင် ငါ​ရှိ​ရာ​အရပ်​၌ သင်​တို့​လည်း​ရှိ​စေရန် တစ်ဖန်​ပြန်လာ​၍ သင်​တို့​ကို ငါ့​ထံသို့ ခေါ်ယူ​သိမ်းဆည်း​မည်။


သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။


ထို့နောက် ကောင်းကင်​မှ​အသံ​က “ရေး​ထား​လော့။ ယခု​မှစ၍ သခင်​ဘုရား​၌​သေဆုံး​သည့် သေလွန်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း “မှန်​ပေ​၏။ သူ​တို့​သည် မိမိ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​မှ အနားယူ​ခွင့်​ရ​ကြ​လိမ့်မည်။ သူ​တို့​ပြု​သော​အမှု​များ​သည်​လည်း သူ​တို့​နှင့်​လိုက်​ပါလာ​၏”​ဟု မိန့်​တော်မူ​၏။


ထို့နောက် သူ​တို့​သည် သီချင်း​အသစ်​ကို​သီဆို​လျက် “ကိုယ်တော်​သည် စာလိပ်​ကို​ယူ​၍ ၎င်း​၏​တံဆိပ်​များ​ကို​ဖွင့်​ရန် ထိုက်တန်​သော​သူ​ဖြစ်​ပါ​၏။ အကြောင်းမူကား ကိုယ်တော်​သည် အသေ​သတ်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​သွေး​တော်​အားဖြင့် မျိုးနွယ်စု၊ ဘာသာ​စကား၊ လူမျိုး​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​ထဲမှ လူ​တို့​ကို ဘုရားသခင်​အတွက် ရွေးနုတ်​ဝယ်ယူ​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ