တိုင်းပြည်၌အပြစ်ကျူးလွန်ခြင်းရှိသောအခါ အုပ်ချုပ်သူများပြားလာတတ်၏။ သို့သော် သိမြင်နားလည်တတ်သောသူအားဖြင့် တိုင်းပြည်သည် ကြာရှည်တည်တံ့လိမ့်မည်။
ဟောရှေ 13:11 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။ Common Language Bible ငါသည်အမျက်ထွက်၍သင်တို့အားရှင် ဘုရင်များကိုပေးခဲ့၏။ ငါသည်အမျက် ဒေါသဖြင့်ထိုရှင်ဘုရင်များကိုရုပ်သိမ်း ခဲ့ပြီ။ Garrad Bible အ မျက် တော် နှင့် ငါ ပေး သော ဘု ရင် မင်း ကို၊ ဒေါ သ နှင့် ငါ ရုပ် သိမ်း ပြီ။ Judson Bible ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင်တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တစ်ဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ်ရှားပြီ။ |
တိုင်းပြည်၌အပြစ်ကျူးလွန်ခြင်းရှိသောအခါ အုပ်ချုပ်သူများပြားလာတတ်၏။ သို့သော် သိမြင်နားလည်တတ်သောသူအားဖြင့် တိုင်းပြည်သည် ကြာရှည်တည်တံ့လိမ့်မည်။
သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။
ရှမာရိသည် ပျက်စီး၍ သူ၏ဘုရင်သည်လည်း ရေပြင်ပေါ် မျောပါသွားသောသစ်ခက်ကဲ့သို့ ဖြစ်ရလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
သူတို့သည် ငါခွင့်မပြုဘဲ ဘုရင်ကို တင်မြှောက်ကြ၏။ ငါမသိဘဲ အုပ်ချုပ်သူကို ခန့်ထားကြ၏။ ရွှေငွေတို့ဖြင့် ရုပ်တုများကိုပြုလုပ်ကြသည်ဖြစ်၍ ဖျက်ဆီးခံရကြလိမ့်မည်။
ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။
ထိုအခါ ရှမွေလက အစ္စရေးလူမျိုးအပေါင်းတို့အား “ကြည့်ရှုလော့။ သင်တို့စကား၊ သင်တို့ပြောသမျှကို ငါနားထောင်ပြီး သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ငါတင်မြှောက်ပေးခဲ့ပြီ။
ထို့ကြောင့် ယခု ကြည့်ရှုလော့။ သင်တို့ရွေးချယ်သောရှင်ဘုရင်၊ သင်တို့တောင်းဆိုသောရှင်ဘုရင်သည် ဤသူပင်တည်း။ သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ထာဝရဘုရား ခန့်ထားတော်မူပြီ။
သို့သော် ရှမွေလက ရှောလုမင်းကြီးအား “သင်နှင့်အတူ ငါပြန်မလိုက်ပါ။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ပယ်တော်မူပြီ”ဟု ဆို၏။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။