ရှမာရိမြို့တွင် အာဟပ်မင်းကြီး၏သားတော်အပါးခုနစ်ဆယ် ရှိ၏။ ယေဟုသည် ရှမာရိမြို့ရှိ ယေဇရေလမြို့အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် အာဟပ်မင်းကြီး၏သားတော်တို့ကိုအုပ်ထိန်းသောသူများထံသို့ စာရေးသားပေးပို့လိုက်၏။
ဟောရှေ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။ Common Language Bible ထာဝရဘုရားကဟောရှေအား``သင်၏သား ကို`ယေဇရေလ' ဟုနာမည်မှည့်လော့၊ အဘယ် ကြောင့်ဆိုသော်ဣသရေလဘုရင်၏ဘိုးတော် ယေဟုသည် ယေဇရေလမြို့တွင်သတ်ဖြတ် လုပ်ကြံခဲ့သည့်လူသတ်မှုများအတွက် ငါ သည်ဣသရေလဘုရင်ကိုဒဏ်ခတ်မည်။ ယေဟုမင်းဆက်ကိုတိမ်ကောစေမည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ ငါ သည် မ ကြာ မ မြင့် မီ ယေ ဇ ရေ လ မြို့၌ သွေး သွန်း မှု ကို၊ ယေ ဟု အ ဆက် အ နွယ် အား ဒဏ် စီ ရင် လျက်၊ ဣ သ ရေ လ နိုင် ငံ ပြတ် စဲ အံ့ သော နေ့ ရက် ကာ လ၊ ယေ ဇ ရေ လ ချိုင့် တွင် ဣ သ ရေ လ လေး လက် နက် ချိုး ဖြတ် မည် ကို ထောက် ၍၊ ယေ ဇ ရေ လ အ မည် တွင် လော့ ဟု မိန့် တော် မူ၏။ Judson Bible ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရေလအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလအသက်ကို သတ်သောအပြစ်ကြောင့်၊ ယေဟုအမျိုးကို ငါသည်ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံကို ဆုံးစေမည်။ |
ရှမာရိမြို့တွင် အာဟပ်မင်းကြီး၏သားတော်အပါးခုနစ်ဆယ် ရှိ၏။ ယေဟုသည် ရှမာရိမြို့ရှိ ယေဇရေလမြို့အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် အာဟပ်မင်းကြီး၏သားတော်တို့ကိုအုပ်ထိန်းသောသူများထံသို့ စာရေးသားပေးပို့လိုက်၏။
ယေဟုသည် ရှမာရိမြို့သို့ရောက်လာသောအခါ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူခဲ့သည့်စကားတော်အတိုင်း ရှမာရိမြို့၌ အာဟပ်အမျိုးကြွင်းကျန်သမျှကို အကုန်ပျက်စီးသည်အထိ သတ်လေ၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
ထို့နောက် ငါသည် ပရောဖက်ကတော်ကိုချဉ်းကပ်သဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကိုမွေးဖွားလေ၏။ ထာဝရဘုရားက ငါ့အား “ထိုသား၏အမည်ကို ‘မဟေရရှာလလဟာရှဗတ်’ဟု မှည့်ခေါ်လော့။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
နောက်တစ်နေ့တွင် ပါရှုရသည် ယေရမိကိုထိတ်ခတ်ထားရာမှ လွှတ်ပေးသောအခါ ယေရမိက ပါရှုရအား “ထာဝရဘုရားသည် သင်၏အမည်ကို ပါရှုရ ဟု မခေါ်၊ မာဂေါမိဿဘိတ် ဟု မှည့်ခေါ်လေပြီ။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
သူတို့က သူ့ကို အဝတ်အချည်းစည်းဖြစ်စေကြ၏။ သူ၏သားသမီးတို့ကို ဖမ်းခေါ်သွား၍ သူ့ကိုဓားနှင့်ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်ဒဏ်စီရင်ခံရ၍ သူသည် မိန်းမတကာတို့တွင် နာမည်ပျက်သောမိန်းမဖြစ်လေ၏။
သင်သည် သင့်အစ်မလိုက်သောလမ်းအတိုင်း လိုက်သဖြင့် သူ၏ခွက်ဖလားကို သင့်လက်သို့ ငါအပ်မည်’ဟု မိန့်တော်မူ၏။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
ထိုအခါ ထာဝရဘုရားက “ဤသားအမည်ကို လောအမ္မိဟု မှည့်ခေါ်လော့။ အကြောင်းမှာ သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်”ဟု မိန့်တော်မူ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မြေကြီးသည် ဆန်စပါး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို ထူးလိမ့်မည်။ ထိုအရာတို့သည်လည်း ယေဇရေလကို ထူးလိမ့်မည်။
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အပြစ်ပြုသောတိုင်းနိုင်ငံကို ဘုရားရှင်ထာဝရဘုရား စောင့်ကြည့်တော်မူ၏။ ထိုတိုင်းနိုင်ငံကို မြေပြင်ပေါ်မှ အဆုံးသတ်ဖျက်ဆီးပစ်မည်ဖြစ်သော်လည်း ယာကုပ်အမျိုးအနွယ်ကို အကုန်အစင်ဖျက်ဆီးမည်မဟုတ်”ဟု မိန့်တော်မူ၏။
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
ကောင်းကင်တမန်က “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူပြီ။ သင်၏ဇနီးအဲလစ်ဇဘက်သည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ယောဟန်ဟုမှည့်ခေါ်ရမည်။
သင်သည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်။
ဖခင်သည်လည်း သင်ပုန်းကိုတောင်း၍ “သူ၏အမည်မှာ ယောဟန်ဖြစ်သည်”ဟု ရေးလိုက်သော် ထိုသူအပေါင်းတို့သည်အံ့ဩကြ၏။
သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍“သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက်ဟူ၍ဖြစ်၏။)