ဟောရှေ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 မြေကြီးသည် ဆန်စပါး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို ထူးလိမ့်မည်။ ထိုအရာတို့သည်လည်း ယေဇရေလကို ထူးလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible22 မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့၏စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလစကားကို နားထောင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။