Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 23:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သူ​တို့​က သူ့​ကို အဝတ်အချည်းစည်း​ဖြစ်​စေ​ကြ​၏​။ သူ​၏​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​၍ သူ့​ကို​ဓား​နှင့်​ကွပ်မျက်​ကြ​၏​။ ထိုသို့ အပြစ်ဒဏ်​စီရင်​ခံရ​၍ သူ​သည် မိန်းမ​တကာ​တို့​တွင် နာမည်ပျက်​သော​မိန်းမ​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို သူ တို့ သည်၊ သူ့ ရှက် ဖွယ် ရာ ကို လှစ် ပြ၍၊ ဓား ဖြင့် ကွပ် မျက် လျက်၊ သား သ မီး များ ကို သုံ့ ဖမ်း လျက်၊ စီ ရင် ဒဏ် ခတ် ကြ သ ဖြင့်၊ မိန်း မ တို့ ဘောင် တွင် အ မည် ပျက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သူ​တို့​သည် အ​ဝတ်​ကို ချွတ်​ကြ၏။ သူ၏​သား​သ​မီး​တို့​ကို သိမ်း​သွား၍၊ သူ့​ကို ဓား​နှင့် ကွပ်​မျက်​ကြ၏။ ထို​သို့ အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ မိန်း​မ​တ​ကာ​တို့​တွင် ကျော်​စော​သော​မိန်း​မ​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 23:10
8 ပူးပေါင်းရင်းမြစ်များ  

အို ဖျက်ဆီး​ခြင်း​ခံရ​သော​သူ​၊ သင်​မည်သို့​ပြု​မည်နည်း​။ ကတ္တီပါနီ​ကို​ဝတ်ဆင်​ခြင်း​၊ ရွှေ​တန်ဆာ​ဆင်ယင်​ခြင်း​၊ မျက်လုံး​အလှပေါ်​အောင်​အရောင်ခြယ်​ခြင်း​ဖြင့် သင့်ကိုယ်သင် အချည်းနှီး​လှပ​စေ​ပြီ​။ သင်​ချစ်​သော​သူ​တို့​သည် သင့်​ကို​စွန့်ပစ်​ပြီ​။ သင့်​အသက်​ကို​သတ်​ရန် ရှာကြံ​ကြ​ပြီ​။


သူ​သည် ပေါ်ပေါ်ထင်ထင်​ဖောက်ပြန်မှားယွင်း​၏​။ အဝတ်အချည်းစည်း​နေ​၏​။ ထို့ကြောင့် ငါ​သည် သူ့​အစ်မ​ကို စွန့်ထား​ခဲ့​သကဲ့သို့ သူ့​ကို​လည်း စွန့်ထား​ခဲ့​ပြီ​။


သူ​တို့​သည် သင့်​ကို​မုန်း​သဖြင့် သင့်​ချွေးနှဲစာ​ရှိသမျှ​ကို​ယူ​၍ သင့်​ကို အဝတ်မပါ​အချည်းစည်း ပစ်ထား​ကြ​လိမ့်မည်​။ သင်​သည် အရှက်မရှိ ပြည့်တန်ဆာ​လုပ်​ခဲ့​ပုံ​များ​၊ ညစ်ညမ်း​သော​အမှု​ပြု​ခဲ့​ပုံ​များ​၊ ဖောက်ပြန်မှားယွင်း​ခဲ့​ပုံ​များ​ကို ငါ​ဖော်ထုတ်​မည်​။


အခြား​သော​မိန်းမ​အပေါင်း​တို့​သည် သင်​တို့​ပြု​သကဲ့သို့ ညစ်ညမ်း​သော​အမှု​ကို​မ​ပြု​ဘဲ သင်ခန်းစာ​ယူ​နိုင်​ရန် ပြည်​ထဲ​ရှိ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​ပစ်​မည်​။


ယခုမှာ သူ့​ချစ်သူ​များ​ရှေ့​တွင် သူ့​အရှက်​ကို ပေါ်​စေ​မည်​။ မည်သူ​မျှ သူ့​ကို ငါ့​လက်​မှ​ကယ်​နိုင်​မည်​မ​ဟုတ်​။


သို့မဟုတ်လျှင် ငါ​သည် သူ့​အဝတ်​ကို​ချွတ်ပစ်​၍ သူ​မွေးလာ​သော​နေ့​က​ကဲ့သို့ အဝတ်အချည်းစည်း​ဖြစ်​စေ​မည်​။ တောကန္တာရ​ကဲ့သို့ ဖြစ်စေ​၍ ခြောက်သွေ့​သော​မြေ ဖြစ်​စေ​မည်​။ ရေငတ်​သေ​စေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ