ဟောရှေ 1:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထိုနေ့ရက်ရောက်လျှင် ယေဇရေလချိုင့်ဝှမ်း၌ အစ္စရေး၏လေးကို ငါချိုးပစ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ထိုအချိန်ကျရောက်လျှင်ငါသည်ယေဇရေလ ချိုင့်ဝှမ်းတွင် ဣသရေလနိုင်ငံ၏အာဏာစက် ကိုပျက်သုဉ်းစေမည်'' ဟုမိန့်တော်မူသည်။ အခန်းကိုကြည့်ပါ။Judson Bible5 ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုးသောနေ့ချင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။