ယေရုဗ္ဗာလ၏သားအယောက်ခုနစ်ဆယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ကြသောအမှုကြောင့် ပြန်ပေးဆပ်ရမည့်သွေးကြွေးသည် ညီအစ်ကိုတို့အား သတ်သောအဘိမလက်နှင့် ထိုညီအစ်ကိုတို့အား သတ်သောအမှု၌ ကူညီပေးသောရှေခင်မြို့သားတို့အပေါ်သို့ ကျရောက်ခြင်းဖြစ်၏။
ဤသို့ဖြစ်ပျက်ရခြင်းမှာဂိဒေါင်၏သား ခုနစ်ဆယ်ကိုသတ်ပစ်ရန် အားပေးသူရှေခင် မြို့သားများနှင့်အဘိမလက်အား မိမိတို့ ကူးလွန်ခဲ့သည့်အပြစ်၏အခကိုပေးဆပ် ကြစေရန်ပင်ဖြစ်သတည်း။-
အကြောင်းမူကား၊ ယေရုဗ္ဗာလ၏သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာပြု၍ သတ်မိသောအပြစ်သည် သူတို့ကိုသတ်သော သူတို့ညီအစ်ကို အဘိမလက်အပေါ်သို့လည်းကောင်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့လည်းကောင်း ရောက်ရမည်အကြောင်းတည်း။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
လူသတ်ခဲ့သောအပြစ်သည် ယွာဘ၏ခေါင်းပေါ်၊ သူ့သားစဉ်မြေးဆက်တို့၏ခေါင်းပေါ်သို့ အစဉ်အမြဲကျရောက်ပါစေ။ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားစဉ်မြေးဆက်များ၊ သူ၏ထီးနန်းနှင့်ရာဇပလ္လင်တို့မူကား ထာဝရဘုရားထံတော်မှငြိမ်သက်ခြင်းကို အစဉ်အမြဲခံစားရပါစေ”ဟု မိန့်ဆို၏။
သို့သော် ထိုသတင်း ဘုရင့်ထံပေါက်ကြားသောအခါ ရှင်ဘုရင်က ဂျူးလူမျိုးတို့အား ဖျက်ဆီးရန်ကြံစည်သော ဟာမန်၏ယုတ်မာသောအကြံအစည်ကို သူ့ခေါင်းပေါ်ပြန်ရောက်စေမည်ဟူ၍လည်းကောင်း၊ သူနှင့်သူ့သားများကို သစ်တိုင်၌ ဆွဲထားရမည်ဟူ၍လည်းကောင်း အမိန့်စာထုတ်ပြန်၏။
သူဖန်တီးသောအခက်အခဲပြဿနာသည် သူ့ခေါင်းပေါ်ပြန်ရောက်၍ သူ၏ရက်စက်ကြမ်းကြုတ်မှုသည် သူ၏ဦးခေါင်းထိပ်ပေါ်ကျလိမ့်မည်။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
‘အခကြေးငွေယူ၍ အပြစ်မဲ့သောသူအား သတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းတိုက်ခိုက်ရန် တောင်ပေါ်တွင် လူစောင့်ချထားကြောင်း၊ လမ်းသွားလမ်းလာတို့ကို လုယက်တိုက်ခိုက်ကြောင်းကို အဘိမလက်လည်း ကြားသိ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။