အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သူ​ကြီး 9:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆူးလေပင်​က​လည်း သစ်ပင်​တို့​အား ‘​စင်စစ် သင်​တို့​သည် ငါ့​ကို ဘိသိက်ပေး​၍ သင်​တို့​ကို အုပ်စိုး​စေ​လို​လျှင် လာ​ကြ​၊ ငါ့​အရိပ်​၌ ခိုလှုံ​ကြ​။ သို့မဟုတ်လျှင် ဆူးလေပင်​ထဲက မီး​ထွက်​ပြီး လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​များ​ကို လောင်ကျွမ်း​ပစ်​မည်​’​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဆူး လေ ပင် က၊ သ စ္စာ တည် စွာ သင် တို့ အ ပေါ် တွင် ရာ ဇ ဘိ သိက် ဖြင့် ငါ့ ကို ချီး မြှင့် ပါ မူ ငါ့ အ ရိပ် တွင် ခို ဝင် ကြ လော့။ သို့ မ ဟုတ် လျှင် ဆူး လေ ပင် အ တွင်း မှ မီး ထွက်၍ လေ ဗ နုန် သစ် က တိုး ပင် များ ကို ကျွမ်း လောင် စေ ဟု သစ် ပင် တို့ အား ပြန် ဆို လေ သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။



သူ​ကြီး 9:15
19 ပူးပေါင်းရင်းမြစ်များ  

သို့သော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။


ထာဝရဘုရား​၏​သစ်ပင်​များ​၊ ကိုယ်တော်​စိုက်ပျိုး​ထား​သည့် လက်ဘနွန်​ရှိ​သစ်ကတိုးပင်​များ​သည် ရေဝ​ကြ​၏​။


ထာဝရဘုရား​၏​အသံ​တော်​သည် သစ်ကတိုးပင်​တို့​ကို ကျိုး​စေ​တော်မူ​၏​။ အကယ်စင်စစ် ထာဝရဘုရား​သည် လက်ဘနွန်​သစ်ကတိုးပင်​တို့​ကို ကျိုး​စေ​တော်မူ​၏​။


ခွန်အားကြီး​သော​သူ​သည် လောင်စာ​ကဲ့သို့​ဖြစ်၍ သူ​၏​လုပ်ဆောင်ချက်​သည် မီးပွား​ကဲ့သို့ ဖြစ်​မည်​။ နှစ်မျိုးစလုံး အတူ​လောင်ကျွမ်း​၍ မည်သူ​မျှ​ငြှိမ်းသတ်​မည်​မ​ဟုတ်​။


ထို​နေ့ရက်​၌ လက်ဘနွန်​တောင်​ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ ဗာရှန်​တောင်​ရှိ​ဝက်သစ်ချပင်​၊


ငါ​၏​ဗျာဒိတ်​တော်​ကို​မ​မေးမြန်း​ဘဲ ဖာရော​မင်းကြီး​၏​အကာအကွယ်​အောက်​၌ နားခို​ရာ​ကို​ရှာ​ပြီး အီဂျစ်​ပြည်​၏​အရိပ်​ကို​ခိုလှုံ​ရန် အီဂျစ်​ပြည်​သို့​ဆင်းသွား​ကြ​၏​။


သင်​သည် သင့်​မင်းမှုထမ်း​တို့​အားဖြင့် ဘုရားရှင်​ကို​ကဲ့ရဲ့ပြစ်တင်​လျက် ငါ​၏​စစ်ရထား​များစွာ​ဖြင့် လက်ဘနွန်​တောင်​ထိပ်​အစွန်အဖျား​သို့ ငါ​တက်​ခဲ့​ပြီ​။ ထို​တောင်​ပေါ်ရှိ မြင့်မား​သော​သစ်ကတိုးပင်​၊ အကောင်းဆုံး​ထင်းရှူးပင်​တို့​ကို ငါ​ခုတ်လှဲ​ခဲ့​ပြီ​။ တောနက်ကြီး​၏​အစွန်အဖျား​သို့​လည်း ငါ​ရောက်​ခဲ့​ပြီ​။


ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။


အကိုင်း​တစ်​ကိုင်း​မှ မီး​ထွက်လာ​၍ အသီး​တို့​ကို လောင်ကျွမ်း​လေ​၏​။ ထို့ကြောင့် ရာဇလှံတံ​အဖြစ် အသုံးပြု​နိုင်​သည့် သန်မာ​သော​အကိုင်းအခက်​တစ်ခုမျှ​မ​ရှိ​တော့​ပေ​ဟု သီဆို​လော့​။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်း​တစ်​ပုဒ်​ပေတည်း’​ဟူ၍ မြွက်ဆို​လော့”​ဟု မိန့်ဆို​၏​။


ကြည့်ရှု​လော့​။ အဆီးရီးယား​ပြည်​သည် လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​နှင့်​တူ​၏​။ အကိုင်းအခက်​ဝေဆာ​လှပ​ပြီး ထိပ်ဖျား​သည် မိုး​ထိ​အောင်​မြင့်​၍ တစ်တောလုံး​ကို အုပ်မိုး​ထား​၏​။


အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် ထို​အပင်​ကို မှီခို​သော​သတ္တဝါ​အားလုံး စားစရာ​ရရှိ​ကြ​၏​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​၌ အရိပ်ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း ထို​အပင်​၏​အကိုင်းအခက်​များ​တွင် အသိုက်​ကို​လုပ်​ကြ​၏​။ သက်ရှိသတ္တဝါ​အားလုံး​တို့​သည် ထို​အပင်​ကို မှီခို​စားသုံး​ကြ​၏​။


သူ​တို့​သည် ငါ့​အရိပ်​ကို ပြန်လည်​ခိုလှုံ​ကြ​လိမ့်မည်​။ ကောက်နှံပင်​များ​ကဲ့သို့ ဝေဆာ​၍ စပျစ်ပင်​များ​ကဲ့သို့ ပွင့်လန်း​ကြ​လိမ့်မည်​။ လက်ဘနွန်​စပျစ်ဝိုင်​ကဲ့သို့ ကျော်ကြား​လိမ့်မည်​။


ဟေရှဘုန်​မြို့​ထဲမှ​မီး​၊ ရှိဟုန်​မင်းကြီး​စံမြန်း​ရာ​မြို့​ထဲမှ​မီးလျှံ​ထွက်လာ​ပြီး မောဘ​ပြည်​ရှိ​အာရ​မြို့​၊ အာနုန်​ချောင်း​ရှိ​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​မှ အရှင်သခင်​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။


၎င်း​သည် အစေ့​တကာ​တို့​ထက် သေးငယ်​၏။ သို့သော် ကြီးထွား​လာ​သောအခါ​တွင်​မူ အခြား​ဟင်းသီးဟင်းရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အကိုင်း​များ​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည်​လာ​၍ အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော​အပင်​ဖြစ်လာ​၏”​ဟု မိန့်​တော်မူ​၏။


နောက်ဆုံး​၌ သစ်ပင်​အပေါင်း​တို့​သည် ဆူးလေပင်​ထံ​သွား​ပြီး ‘​အကျွန်ုပ်​တို့​ကို လာ​အုပ်စိုး​ပါ​လော့​’​ဟု ဆို​ကြ​၏​။


သင်​တို့​လည်း အဘိမလက်​ကို မင်းမြှောက်​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​စွာ ပြု​ပြီ​လော​။ ယေရုဗ္ဗာလ​နှင့် သူ​၏​အိမ်သူအိမ်သား​တို့​ကို တရားမျှတ​စွာ​ပြု​ကြ​ပြီ​လော​။ သူ​ခံထိုက်​သော​အရာ​နှင့်အညီ သူ့​ကို​ကျေးဇူးဆပ်​ကြ​ပြီ​လော​။


သို့မဟုတ်လျှင် အဘိမလက်​ထဲမှ မီး​ထွက်​၍ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ကို လောင်ကျွမ်း​ပါစေ​။ ရှေခင်​မြို့သား​၊ ဗက်မိလ္လော​မြို့သား​တို့​ထဲမှ​လည်း မီး​ထွက်​၍ အဘိမလက်​ကို လောင်ကျွမ်း​ပါစေ​”​ဟု ကျယ်လောင်​စွာ​အော်ဟစ်​ပြီးလျှင်


အဘိမလက်​နှင့်​အဖွဲ့​သည် မြို့​တံခါးဝ​သို့ ပြေးသွား​၍ နေရာယူ​ကြ​၏​။ ကျန်​နှစ်​ဖွဲ့​သည် မြို့ပြင်​ရှိ​လူ​တို့​ထံ​ပြေးသွား​၍ သူ​တို့​ကို သတ်ဖြတ်​လေ​၏​။


လူ​အပေါင်း​တို့​သည်​လည်း သစ်ကိုင်း​ကို ခုတ်​ကြ​ပြီးလျှင် အဘိမလက်​နောက်သို့​လိုက်သွား​၍ သစ်ကိုင်း​တို့​ကို မြေအောက်ခန်း​ပေါ် ပုံ​ထား​ကြ​၏​။ ထို့နောက် ထို​သစ်ကိုင်း​များ​ကို မီးရှို့​သဖြင့် မြေအောက်ခန်း​ကို မီးလောင်​လေ​၏​။ ရဲတိုက်​ရှိ ရှေခင်​လူ​ယောက်ျား​၊ မိန်းမ တစ်ထောင်​ခန့်​လည်း သေ​ကြ​ကုန်​၏​။