Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 9:15 - Common Language Bible

15 ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဆူး လေ ပင် က၊ သ စ္စာ တည် စွာ သင် တို့ အ ပေါ် တွင် ရာ ဇ ဘိ သိက် ဖြင့် ငါ့ ကို ချီး မြှင့် ပါ မူ ငါ့ အ ရိပ် တွင် ခို ဝင် ကြ လော့။ သို့ မ ဟုတ် လျှင် ဆူး လေ ပင် အ တွင်း မှ မီး ထွက်၍ လေ ဗ နုန် သစ် က တိုး ပင် များ ကို ကျွမ်း လောင် စေ ဟု သစ် ပင် တို့ အား ပြန် ဆို လေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဆူးလေပင်​က​လည်း သစ်ပင်​တို့​အား ‘​စင်စစ် သင်​တို့​သည် ငါ့​ကို ဘိသိက်ပေး​၍ သင်​တို့​ကို အုပ်စိုး​စေ​လို​လျှင် လာ​ကြ​၊ ငါ့​အရိပ်​၌ ခိုလှုံ​ကြ​။ သို့မဟုတ်လျှင် ဆူးလေပင်​ထဲက မီး​ထွက်​ပြီး လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​များ​ကို လောင်ကျွမ်း​ပစ်​မည်​’​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 9:15
19 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယ​ဟော​ရှ​မင်း​က``အ​ခါ​တစ်​ပါး​က လေ​ဗ​နုန်​တောင်​ထိပ်​တွင် ဆူး​ပင်​တစ်​ပင်​က​သစ် က​တိုး​ပင်​အား`သင်​၏​သ​မီး​ကို​ငါ့​သား​နှင့် ပေး​စား​ထိမ်း​မြား​လော့' ဟု​အ​မှာ​စာ​ပေး​ပို့​ခဲ့​၏။ သို့​ရာ​တွင်​အ​နီး​မှ​ဖြတ်​သန်း​လာ​သော သား​ရဲ တိ​ရစ္ဆာန်​တစ်​ကောင်​သည်​ထို​ဆူး​ပင်​ကို​နင်း​ချေ လိုက်​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော​ကိုယ်​တော်​၏ သစ်​ပင်​များ​ဖြစ်​သည့်​လေ​ဗ​နုန်​တော​မှ အာ​ရဇ်​ပင်​တို့​သည်​မိုး​ရေ​များ​စွာ​ရ​ရှိ​ကြ​ပါ​သည်။


ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။


သစ်​ခြောက်​သည်​မီး​ပွား​ကြောင့်​မီး​စွဲ​လောင်​ရ​သည်​နည်း​တူ​တန်​ခိုး​ကြီး​မား​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယင်း​သို့​ဆုံး​ပါး​ပျက်​စီး​မှု​ကို​လည်း​အ​ဘယ်​သူ​မျှ​ဆီး​တား​၍​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မြွက်​ဆို​လေ​သည်။


ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရစ်​ပင် မြင့်​တို့​နှင့် ဗာ​ရှန်​တော​မှ​ဝက်​သစ်​ချ​ပင်​များ ကို​ချိုး​ချ​တော်​မူ​လိမ့်​မည်။-


သူ​တို့​သည်​ငါ​၏​ထံ​မှ​အ​ကြံ​ဉာဏ်​ကို​မ တောင်း​ခံ​ဘဲ အီ​ဂျစ်​ပြည်​သို့​သွား​၍​အ​ကူ အ​ညီ​တောင်း​ခံ​ကြ​၏။ အီ​ဂျစ်​ပြည်​၏​ကာ ကွယ်​စောင့်​ရှောက်​မှု​ကို​အ​လို​ရှိ​သ​ဖြင့် သူ​တို့ သည်​အီ​ဂျစ်​ဘု​ရင်​ကို​ယုံ​ကြည်​ကိုး​စား ကြ​၏။-


သင်​သည်​မိ​မိ​၏​စစ်​ရ​ထား​အ​ပေါင်း​ဖြင့် အ​မြင့်​ဆုံး​တောင်​များ​ကို​လည်း​ကောင်း၊ လေ ဗ​နုန်​တောင်​ထိပ်​များ​ကို​ပင်​လည်း​ကောင်း​နှိမ် နင်း​အောင်​မြင်​ခဲ့​ကြောင်း ငါ့​အား​ကြွား​ဝါ​ရန် သံ​တ​မန်​များ​ကို​စေ​လွှတ်​ခဲ့​၏။ ထို​အ​ရပ် ရှိ​အ​မြင့်​ဆုံး​အာ​ရဇ်​ပင်​များ​နှင့်​အ​လှ​ဆုံး ထင်း​ရှူး​ပင်​များ​ကို​ခုတ်​လှဲ​ကာ၊ တော​နက် ကြီး​များ​သို့​ရောက်​ရှိ​ခဲ့​ကြောင်း​ကြွား​ဝါ ခဲ့​၏။-


သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင် ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။


ယင်း​၏​ပင်​စည်​ကို​မီး​သင့်​လောင်​သ​ဖြင့် အ​ကိုင်း​အ​ခက်​နှင့်​အ​သီး​များ​သည်​လည်း လောင်​ကျွမ်း​သွား​လေ​သည်။ ထို​အ​ပင်​၏​အ​ကိုင်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပြန်​လည်​ခိုင်​ခံ့​သန်​မာ​လာ​ကြ​တော့​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​ရာ​ဇ​လှံ​တံ​အ​ဖြစ် အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​စပ်​ဆို​ထား​သည့်​ငို​ချင်း​ဖြစ်​၏။ ထို ငို​ချင်း​ကို​အ​ဖန်​တစ်​လဲ​လဲ​သီ​ဆို​ကြ ရ​မည်။


အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။


ထို​သစ်​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် တစ်​ကမ္ဘာ​လုံး​စား​သုံး​နိုင်​၏။ တော​တိ​ရစ္ဆာန် တို့​သည်​ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။ ငှက်​တို့​သည်​အ​ကိုင်း​အ​ခက်​များ​တွင်​အ​သိုက် လုပ်​ကြ​၏။ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည် ထို​အ​ပင်​၏​အ​သီး​ကို​စား​ကြ​၏။


တစ်​ဖန်​သူ​တို့​သည်​ငါ​၏​အ​ရိပ်​အာ​ဝါ​သ အောက်​တွင် နေ​ထိုင်​ရ​လိမ့်​မည်။ သူ​တို့​သည်​စ​ပါး​များ​ကို​စိုက်​ပျိုး​၍ စ​ပျစ်​ခြံ​ကဲ့​သို့​အ​သီး​လှိုင်​လိမ့်​မည်။ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့​ကျော်​ကြား​လိမ့်​မည်။


တစ်​ခါ​က​ရှိ​ဟုန်​ဘု​ရင်​၏​တပ်​သည်​ဟေ​ရှ​ဘုန် မြို့​မှ ထွက်​သော​မီး​လျှံ​ကဲ့​သို့​ချီ​တက်​၍ မော​ဘ​ပြည်​အာ​ရ​မြို့​ကို​ဖျက်​ဆီး​လျက် အာ​နုန်​မြစ် အ​ထက်​ပိုင်း​ရှိ​တောင်​များ​ကို​လောင်​ကျွမ်း​စေ​၏။


ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။


ထို့​ကြောင့်​သစ်​ပင်​အ​ပေါင်း​တို့​သည်​ဆူး​ချုံ အား မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ရန် လျှောက်​ထား​ကြ​၏။-


ထို​နောက်​ယော​သံ​သည်​ဆက်​လက်​၍``ထို့​ကြောင့် သင်​တို့​သည်​အ​ဘိ​မ​လက်​ကို​မင်း​မြှောက်​ရာ ၌ အ​မှန်​တ​ကယ်​ပင်​ရိုး​သား​စွာ​သစ္စာ​စောင့် သိ​သူ​များ​ဖြစ်​ကြ​ပါ​၏​လော။ သင်​တို့​သည် ဂိ​ဒေါင်​၏​ဂုဏ်​ကျေး​ဇူး​ကို​အ​မှတ်​ရ​လျက် သူ​ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ထိုက် လျောက်​စွာ​သူ​၏​အိမ်​ထောင်​စု​အ​ပေါ်​၌ ကျေး​ဇူး​တုံ့​ပြန်​ရာ​ရောက်​ပါ​၏​လော။-


သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။''


အ​ဘိ​မ​လက်​နှင့်​သူ​၏​လူ​စု​သည်​မြို့​တံ​ခါး ကို​စောင့်​ထိန်း​ရန်​သွား​ကြ​စဉ် အ​ခြား​လူ​နှစ်​စု တို့​လယ်​ထဲ​မှ​လူ​တို့​အား​တိုက်​ခိုက်​သတ်​ဖြတ် ပစ်​လိုက်​ကြ​လေ​သည်။-


သို့​ဖြစ်​၍​လူ​တိုင်း​ပင်​သစ်​ကိုင်း​တစ်​ခု​စီ​ကို ခုတ်​၍ အ​ဘိ​မ​လက်​၏​နောက်​က​လိုက်​ပြီး​လျှင် ခိုင်​ခံ့​သော​အ​ခန်း​ကို​မီး​ပုံ​ရှို့​ကြ​၏။ ရဲ​တိုက် ထဲ​မှ​လူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ကုန်​၏။ ဤ​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ​ယောကျာ်း မိန်း​မ​တစ်​ထောင်​ခန့်​ရှိ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ