ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
သူကြီး 5:31 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။ Common Language Bible အို ထာဝရဘုရားကိုယ်တော်၏ရန်သူ အပေါင်းတို့သည် ဤနည်းအတိုင်းပင်ဆုံးရှုံးပျက်စီးကြပါ စေသော။ သို့ရာတွင်ကိုယ်တော်၏မိတ်ဆွေများမှာမူကား တက်သစ်နေကဲ့သို့ထွန်းလင်းတောက်ပ ကြပါစေသော။ ထိုနောက်ခါနာန်ပြည်တွင်အနှစ်လေးဆယ် တိုင်တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၏ ရန် သူ အ ပေါင်း တို့ သည် ထို သူ့ အ တူ ပျက် စီး ကြ စေ သော။ ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး သူ တို့ ကား၊ အ ရှိန် တန် ခိုး နှင့် ထွက် ပေါ် သော နေ မင်း ကဲ့ သို့ ဖြစ် ပါ စေ သော ဟု သီ ချင်း ဖွဲ့ ဆို ကြ သ တည်း။ ထို နောက် အ နှစ် လေး ဆယ် တိုင် တိုင် တစ် ပြည် လုံး ငြိမ်း ချမ်း လေ၏။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကိုချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထိုနောက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။ |
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
ထိုအခါ ရှင်ဘုရင်က ကုရှိအမျိုးသားအား “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် သူက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူများနှင့် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူအားလုံးတို့သည် ထိုသားတော်ကဲ့သို့ဖြစ်ကြပါစေသော”ဟု ပြန်လည်လျှောက်တင်၏။
နံနက်အချိန်ထွက်သောနေအလင်း၊ မြေပေါ်မြက်နုပေါက်စေဖို့ မိုးရွာပြီးမှ မိုးသားကင်းစင်သွားသောနံနက်ခင်းအလင်းနှင့် တူ၏’ဟု မိန့်တော်မူ၏။
၎င်းသည် ကောင်းကင်အစွန်းတစ်ဖက်မှထွက်လာ၍ အခြားအစွန်းတစ်ဖက်တိုင်အောင်လှည့်ပတ်သွား၏။ ၎င်း၏အပူအရှိန်မှ ပုန်းရှောင်နိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။
ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတခြင်းကို မွန်းတည့်နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။
သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။
၎င်းသည် လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်ရှိ သစ္စာရှိသောသက်သေကဲ့သို့လည်းကောင်း အစဉ်တည်မြဲလိမ့်မည်”ဟူ၍ဖြစ်၏။(စေလာ)
“သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
အို ထာဝရဘုရား၊ အကယ်စင်စစ် ကိုယ်တော်၏ရန်သူတို့သည်၊ အကယ်စင်စစ် ကိုယ်တော်၏ရန်သူတို့သည် ပျက်စီးကြရလိမ့်မည်။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည်လည်း ကွဲလွင့်ကြရလိမ့်မည်။
ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းမှုကို မုန်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏စိတ်ဝိညာဉ်ကို စောင့်ရှောက်၍ သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ ကယ်နုတ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကြောင့် ဇိအုန်သည် ကြား၍ ဝမ်းမြောက်ပါ၏။ ယုဒပြည်၏သမီးတို့သည်လည်း ရွှင်လန်းကြပါ၏။
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။
သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရမည်။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားသာလျှင် ဘုရားဖြစ်တော်မူပြီး ကိုယ်တော်ကိုချစ်သောသူတို့နှင့် ပညတ်တော်တို့ကိုစောင့်ထိန်းသောသူတို့အပေါ် မျိုးဆက်တစ်ထောင်တိုင်အောင် ပဋိညာဉ်တည်၍ မေတ္တာကရုဏာကို ပြတော်မူသည့် သစ္စာရှိသောဘုရားဖြစ်တော်မူကြောင်း၊
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
တိုင်းပြည်လည်း အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။ ထို့နောက်မှ ကေနတ်၏သား ဩသံယေလ သေဆုံး၏။
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။