Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 97:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကြောင့် ဇိအုန်​သည် ကြား​၍ ဝမ်းမြောက်​ပါ​၏​။ ယုဒ​ပြည်​၏​သမီး​တို့​သည်​လည်း ရွှင်လန်း​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက် များ​ကြောင့် ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ပါ​၏။ ယု​ဒ​မြို့​တို့​သည်​လည်း​အား​ရ​ရွှင်​မြူး​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အို ထာ ဝ ရ ဘု ရား၊ စီ ရင် ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ ဇိ အုန် မြို့ ကြား ၍ အား ရ ခွင့်၊ ယု ဒ အ မျိုး သ မီး တို့ ရွှင် လန်း ခွင့် ရ ကြ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့ အ​ကြောင်း​ကြောင့်၊ ဇိ​အုန်​မြို့​သည် ကြား၍ ရွှင်​လန်း​ပါ၏။ ယု​ဒ​သ​တို့​သ​မီး​တို့​လည်း ဝမ်း​မြောက်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 97:8
13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌​ရှိ​၏​။


ကိုယ်တော်​၏​တရားစီရင်​တော်မူ​ချက်​များ​ကြောင့် ဇိအုန်​တောင်​သည် ဝမ်းမြောက်​ပါစေ​။ ယုဒ​သမီးပျို​တို့​သည် ရွှင်လန်း​ကြ​ပါစေ​။


ဇိအုန်​အနှံ့​လှည့်ပတ်သွားလာ​၍ မျှော်စင်​တို့​ကို​ရေတွက်​ကြ​လော့​။


ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည်​မြင်​၍ ကြောက်ရွံ့​ကြ​လိမ့်မည်​။ သူ​တို့​က


ဖြောင့်မတ်​သော​သူ​သည် လက်စားချေ​ခြင်း​ကို​မြင်​ရ​သဖြင့် ဝမ်းမြောက်​လိမ့်မည်​။ သူ​သည် ဆိုးယုတ်​သော​သူ​၏​သွေး​၌ မိမိ​၏​ခြေ​ကို ဆေးကြော​လိမ့်မည်​။


အကယ်စင်စစ် ထာဝရဘုရား​သည် ဇိအုန်​မြို့​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​ပြိုပျက်​ရာ​ကို နှစ်သိမ့်​တော်မူ​မည်​။ ထို​မြို့​၏​တောကန္တာရ​အရပ်​ကို ဧဒင်​အရပ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၏​သဲကန္တာရ​ကို ထာဝရဘုရား​၏​ဥယျာဉ်​ကဲ့သို့​ဖြစ်စေ​တော်မူ​မည်​။ ထို​မြို့​၌ ရွှင်မြူး​ခြင်း​၊ ဝမ်းမြောက်​ခြင်း​၊ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ သီချင်းသီဆို​ခြင်း​ရှိ​မည်​။


ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် ကြားသိ​စေ​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​အား “​ကြည့်ရှု​လော့​။ သင့်​ကို​ကယ်တင်​သော​အရှင် လာ​နေ​ပြီ​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​”​ဟု ပြောကြား​လော့​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ကောင်းကင်​မှစ၍ သန့်ရှင်း​သူ​များ၊ တမန်တော်​များ​နှင့် ပရောဖက်​များ​တို့၊ ထို​မြို့​၏​အဖြစ်​ကြောင့် ပျော်ရွှင်​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​ဘက်​၌​နေ​၍ ထို​မြို့​အပေါ် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေ​တော်မူ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ