ဆာလံ 89:36 - မြန်မာ့စံမီသမ္မာကျမ်း36 သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible36 ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။ အခန်းကိုကြည့်ပါ။Garrad Bible36 သူ့ အ မျိုး အ နွယ် သည် ကာ လ အ စဉ် တည် လျက်၊ ရာ ဇ ပ လ္လင် လည်း ရှေ့ တော် ၌ နေ ကဲ့ သို့ မြဲ လျက်၊ လ ကဲ့ သို့ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible36 သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။