အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
သူကြီး 3:7 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ အစ္စရေးအမျိုးသားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ထားကာ ဗာလဘုရား၊ အာရှရနတ်ဘုရားမတို့ကို ဝတ်ပြုလျက် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြသောကြောင့် Common Language Bible ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မေ့ လျော့ သည့် ပြင် ဗာ လ နတ်၊ အ ရှဲ ရာ နတ် တို့ ကို ဝတ် ပြု ကြ သော ကြောင့် Judson Bible ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊ |
အာဟပ်မင်းကြီးသည် အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ထိုထက်မက သူ့အလျင်ရှိခဲ့သောအစ္စရေးဘုရင်အပေါင်းတို့ထက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သာ၍အမျက်ထွက်စေ၏။
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
အာသမင်းကြီးသည် အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော မိမိ၏အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲဖျက်ဆီးကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖြိုဖျက်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ ဗာလယဇ်ပလ္လင်များကို တည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
ယဇ်ပလ္လင်များကို ဖြိုချပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များနှင့် ရုပ်တုဆင်းတုများကိုလည်း ခြေမွှဖျက်ဆီးပစ်၏။ အစ္စရေးပြည်တစ်ပြည်လုံးရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်အားလုံးတို့ကိုလည်း တစ်စစီချိုးဖဲ့ပစ်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာလေ၏။
လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိစဉ် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဂရုမပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြီးမားသော မေတ္တာကရုဏာတော်ကို မအောက်မေ့ဘဲ ပင်လယ်အနီး၊ ပင်လယ်နီအနီးတွင် ပုန်ကန်ခဲ့ကြပါ၏။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
ဘိုးဘေးတို့သည် ဗာလကို ကိုးကွယ်ပြီး ငါ့နာမကိုမေ့လျော့သကဲ့သို့ သူတို့က သူတို့အချင်းချင်းပြောဆိုသောအိပ်မက်များအားဖြင့် ငါ့လူမျိုးတို့ ငါ့နာမကိုမေ့လျော့အောင် ကြံစည်နေကြ၏။
သင်တည်ဆောက်မည့် သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ဘေး၌ အာရှရနတ်ဘုရားမတံခွန်တိုင်အဖြစ် မည်သည့်သစ်ပင်ကိုမျှ မစိုက်ရ။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ယနေ့ သင့်အား ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ ကိုယ်တော်အား မေ့လျော့မည်ကို သင့်ကိုယ်သင်သတိပြုလော့။
သင်သည် မာနထောင်လွှား၍ ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်တော်မူခဲ့သောအရှင်၊
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။
ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “သင့်ဖခင်၏နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် နောက်ထပ် ခုနစ်နှစ်သားအရွယ်နွားထီးပျိုတစ်ကောင်ကိုယူလော့။ သင့်ဖခင်တည်သောဗာလယဇ်ပလ္လင်ကိုဖြိုဖျက်လော့။ ထိုအနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကို ခုတ်လှဲပစ်လော့။
ဂိဒေါင်သေဆုံးပြီးနောက် အစ္စရေးအမျိုးသားတို့သည် ဗာလဘုရားထံလှည့်၍ ဖောက်ပြန်မှားယွင်းကြပြန်၏။ ဗာလဗေရိတ်ကို ဘုရားအရာ၌ ထားကြ၏။
အစ္စရေးအမျိုးသားတို့သည် သူတို့၏ပတ်ပတ်လည်ရှိရန်သူအလုံးစုံတို့လက်မှ ကယ်တင်တော်မူသောဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြ၏။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
သို့သော် သင်တို့၏ဘိုးဘေးတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့ကြသဖြင့် ကိုယ်တော်သည် သူတို့ကို ဟာဇော်စစ်သူကြီးသိသရ၏လက်သို့လည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်တို့လက်သို့လည်းကောင်း အပ်လိုက်တော်မူ၏။ ထိုသူတို့သည်လည်း ဘိုးဘေးတို့ကို တိုက်ခိုက်လေ၏။