၂ ရာချုပ် 34:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 နန်း စံ ရှစ် နှစ်၊ နု နယ် စဉ် က ပင်၊ ဘေး တော် ဒါ ဝိဒ် မင်း၏ ဘု ရား သ ခင် ကို ရှာ ဖွေ ၍၊ နန်း စံ ဆယ့် နှစ် နှစ် တွင်၊ ယေ ရု ရှ လင် မြို့ မှ စ သော ယု ဒ ပြည် လုံး ရှိ မြင့် ရာ ဌာ န၊ တံ ခွန် တိုင်၊ ရုပ် ပွား ဆင်း တု များ ကို သုတ် သင် ရန် ထုတ် ဆင့် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible3 အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘဒါဝိဒ်၏ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တစ်ဆယ်နှစ်နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင်ပယ်ရှင်းစ ပြု၏။ အခန်းကိုကြည့်ပါ။ |
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ဒါဝိဒ်မင်းကြီးက “ငါ့သားတော်ရှောလမုန်သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းလှ၏။ ထာဝရဘုရားအဖို့ တည်ဆောက်ရမည့်အိမ်တော်သည် အတိုင်းတိုင်းအပြည်ပြည်တွင် နာမည်ကျော်ကြား၍ ဂုဏ်ကျက်သရေတင့်တယ်နေရမည်။ ထို့ကြောင့် ယခုပင် ငါကြိုတင်ပြင်ဆင်ထားပေးမည်”ဟု မိန့်ဆို၍ အနိစ္စမရောက်မီ များစွာပြင်ဆင်ထားပေးခဲ့၏။
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
ထို့နောက် ယောရှိမင်းကြီးသည် အစ္စရေးအမျိုးသားတို့ပိုင်သောနယ်မြေတစ်ဝန်းလုံးရှိ စက်ဆုပ်ရွံရှာဖွယ်ရုပ်တုအားလုံးကို ဖယ်ရှား၍ အစ္စရေးပြည်သားအားလုံးကို မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်စေ၏။ ယောရှိမင်းကြီးလက်ထက်တစ်လျှောက်လုံး သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံမှ လမ်းမလွဲဘဲ နောက်တော်သို့လိုက်ကြလေ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။