တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
သူကြီး 2:14 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။- Garrad Bible ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် ထား လျက် လု ယက် ဖျက် ဆီး သူ တို့ လက် တွင်း သို့ အပ်၍၊ ထက် ဝန်း ကျင် ရှိ ရန် သူ တို့ လက် သို့ ရောင်း ချ တော် မူ သ ဖြင့် ၎င်း တို့ ရှေ့၌ မ တည် မ တန့် နိုင် ကြ။ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်၊ လုယူသော သူတို့လက်သို့အပ်၍၊ ပတ်ဝန်းကျင်သော ရန်သူတို့၌ ရောင်းတော်မူသဖြင့်၊ ရန်သူတို့ရှေ့မှာ သူတို့သည် တစ်ဖန်မရပ်နိုင်ကြ။ |
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးလက်ထက်မှစ၍ ဟာဇေလမင်းကြီး၏သားတော် ဗင်္ဟာဒဒ်၏လက်ထက်တစ်လျှောက်လုံး သူတို့၏လက်အောက်ခံ ဖြစ်စေတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ထိုကာလ၌ တိုင်းပြည်တွင်နေထိုင်သူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်နေရပြီး သွားလာရာတွင်လည်း လုံခြုံမှုမရှိခဲ့ကြ။
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။
ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
ကိုယ်တော်သည် မိမိလူမျိုးတော်ကို အဖိုးအနည်းငယ်ဖြင့်ရောင်းချပြီး သူတို့ကိုရောင်းချခြင်းမှ မည်သည့်အကျိုးအမြတ်မျှရရှိတော်မမူခဲ့ပါ။
ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။
သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ တစ်ဦးကိုတစ်ဦး တိုက်မိကြလိမ့်မည်။ သင်တို့သည် မိမိတို့၏ရန်သူများကို ရင်ဆိုင်နိုင်မည်မဟုတ်။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မိမိရှေ့တော်၌ ဆိုးသောအမှုကိုပြုသောမျိုးဆက်အားလုံးသေကုန်သည်အထိ သူတို့ကို တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်စေတော်မူ၏။
မျိုးဆက်သစ်အပြစ်သားတို့၊ သင်တို့သည် သင်တို့ဖခင်များ၏နေရာကို ယူ၍ အစ္စရေးလူမျိုးတို့အပေါ် ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကို ထပ်တိုးစေကြသည်တကား။
ထာဝရဘုရားကိုစွန့်ပယ်ခြင်းတည်းဟူသော ဆိုးညစ်မှုကို သင်ပြုသောကြောင့် သင်သည် အလျင်အမြန်ဖျက်ဆီးခြင်းခံရမည်။ ပျက်စီးခြင်းသို့မရောက်မချင်း ထာဝရဘုရားသည် သင်ပြုကျင့်လုပ်ဆောင်လေရာရာ၌ ကျိန်ဆဲခြင်း၊ ထိတ်လန့်ချောက်ချားခြင်း၊ ပြစ်တင်မောင်းမဲခြင်းတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မူမည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
ဘုန်းကြီး၍ကြောက်မက်ဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မကြောက်ရွံ့၊ ဤကျမ်းစာလိပ်၌ရေးသားထားသော တရားစကားရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင်
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရားသည် ယုဒအမျိုးတို့နှင့်အတူ ပါရှိတော်မူသဖြင့် သူတို့သည် တောင်ပေါ်ဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ချိုင့်ဝှမ်းဒေသ၌နေထိုင်သောသူတို့မူကား သံစစ်ရထားများပိုင်ဆိုင်သောကြောင့် ထိုသူတို့ကို မနှင်ထုတ်နိုင်ခဲ့ပေ။
အာမောရိလူမျိုးတို့သည် ဒန်သားမြေးတို့ကို ချိုင့်ဝှမ်းဒေသတွင်နေထိုင်ခွင့်မပေး၊ တောင်ပေါ်ဒေသသို့ နှင်ထုတ်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်သဖြင့် “ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ဘိုးဘေးတို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြသောကြောင့်
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထိုသို့ ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုသောကြောင့် ထာဝရဘုရားသည် မောဘဘုရင်ဧဂလုန်မင်းကြီးကို အစ္စရေးလူမျိုးတို့ထက် အားကြီးစေတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။