Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 32:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 မျိုးဆက်သစ်​အပြစ်သား​တို့​၊ သင်​တို့​သည် သင်​တို့​ဖခင်​များ​၏​နေရာ​ကို ယူ​၍ အစ္စရေး​လူမျိုး​တို့​အပေါ် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ကို ထပ်​တိုး​စေ​ကြ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ယ ခု မှာ မူ အ ပြစ် သား စု ဖြစ် သော သင် တို့ သည် ထာ ဝ ရ ဘု ရား အ မျက် ရှိန် ကို ဣ သ ရေ လ လူ မျိုး ၌ တိုး ပွား စေ ခြင်း ငှါ အဘ တို့ အ စား ထွက် ပေါ် ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ယ​ခု​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သာ၍​ပြင်း​စွာ အ​မျက်​တော်​ထွက်​စေ​မည်​အ​ကြောင်း၊ သာ၍​ဆိုး​သော​သူ​တည်း​ဟူ​သော သင်​တို့​သည် သင်​တို့​အ​ဘ​များ​ကိုယ်​စား ပေါ်​ထ​ကြ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 32:14
19 ပူးပေါင်းရင်းမြစ်များ  

အာဒံ​သည် အသက်​တစ်ရာ့​သုံးဆယ်​ရှိ​သောအခါ သူ​နှင့်​တစ်ပုံစံတည်း​၊ သူ​၏​ပုံသဏ္ဌာန်​အတိုင်း​ဖြစ်​သော​သား​ကို​ရ​၍ သူ​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။


ထာဝရဘုရား​သည် မွှေးကြိုင်​သော​ရနံ့​ကို​ခံယူ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က “​လူ​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​သည် ငယ်ရွယ်စဉ်​ကတည်းက ဆိုးညစ်​သော်လည်း ငါ​သည် လူ​တို့​ကြောင့် မြေကြီး​ကို နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ကျိန်​တော့​မည်​မ​ဟုတ်​။ ငါ​သည် သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို ယခု​ပြု​သကဲ့သို့ နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။


“​စစ်သုံ့ပန်း​တို့​ကို ဤ​နေရာ​သို့ မ​ခေါ်လာ​ကြ​ပါ​နှင့်​။ ငါ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​၍ ငါ​တို့​၏​အပြစ်​ပေါ်​အပြစ်​ထပ်​တင်​ရန် သင်​တို့​ကြံရွယ်​နေ​ကြ​ပါ​သည်​တကား​။ ငါ​တို့​အပြစ်​ကြီးမား​လွန်း​သောကြောင့် အစ္စရေး​လူမျိုး​ကို အမျက်​တော်​ပြင်းထန်​စွာ​ထွက်​လျက် ရှိ​၏​”​ဟု ဆို​ကြ​၏​။


ထိုအခါ ယဇ်ပုရောဟိတ်​ဧဇရ​က ထ​၍ သူ​တို့​အား “​သင်​တို့​သည် သစ္စာမဲ့​ကြ​ပြီ​။ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့် စုံဖက်​ပြီး အစ္စရေး​လူမျိုး​တွင် အပြစ်​များသည်ထက်များ​အောင် ပြု​ကြ​ပြီ​။


သင်​တို့​၏​ဘိုးဘေး​တို့​သည် ထိုသို့​ပြု​ခဲ့​သဖြင့် ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့် ဤ​မြို့​ကို ဘေးအန္တရာယ်​အပေါင်း​တို့​နှင့် ကြုံတွေ့​စေ​ခဲ့​ပြီ မ​ဟုတ်​လော​။ ယခုမှာ​လည်း အစ္စရေး​လူမျိုး​တို့ ထပ်၍​အမျက်​တော်​ခံရ​အောင် သင်​တို့​သည် ဥပုသ်နေ့​ကို​ညစ်ညူး​စေ​ကြ​ပြီ​”​ဟု ဆူပူကြိမ်းမောင်း​၏​။


မစင်ကြယ်​သော​အရာ​ထဲမှ စင်ကြယ်​သော​အရာ​ကို အဘယ်သူ ပေါ်ထွက်​စေ​နိုင်​သနည်း​။ အဘယ်သူ​မျှ​မ​ရှိ​ပါ​။


မိမိ​တို့​ဘိုးဘေး​များ​ကဲ့သို့ ဖောက်ပြန်​၍ သစ္စာမဲ့​သော​သူ​များ​ဖြစ်​ကြ​၏​။ လိမ်ကောက်​သော​လေး​ကဲ့သို့ အသုံးမကျ​သော​သူ​များ​လည်း​ဖြစ်​ကြ​၏​။


အပြစ်ပြု​သော​လူမျိုး​၊ အပြစ်​ကြီးလေး​သော​လူစု​၊ ဆိုးညစ်​သော​သူ​တို့​၏​အမျိုးအနွယ်​၊ ဖောက်ပြန်​သော​သားသမီး​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို​စွန့်ပယ်​သွား​ကြ​ပြီ​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို မထီလေးစား​ပြု​၍ ကျောခိုင်း​သွား​ကြ​ပြီ​။


သင်​တို့​သည် မည်သူ့​ကို သရော်​ကြ​သနည်း​။ မည်သူ့​ကို​ပါးစပ်​ဟ​၍ လျှာ​ထုတ်​ပြ​ကြ​သနည်း​။ သင်​တို့​သည် အပြစ်​ကျူးလွန်​သော​သားသမီး​များ​၊ မုသား​ပြောဆို​သော​အမျိုးအနွယ်​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။


သို့သော် သူ​တို့​၏​သားသမီး​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ကြ​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ​၏​ဒေါသ​ကို သူ​တို့​အပေါ်​သို့​သွန်ချ​၍ သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


သင်​တို့​သည် နောက်​တော်​သို့ မလိုက်​ကြ​လျှင် ဤ​လူမျိုး​ကို တောကန္တာရ​ထဲ၌ နောက်တစ်ဖန်​ထပ်၍​စွန့်ပစ်​တော်မူ​လိမ့်မည်​။ သို့ဖြစ်လျှင် သင်​တို့​သည် ဤ​လူ​အပေါင်း​တို့​ကို ဖျက်ဆီး​ရာ​ရောက်​မည်​”​ဟု ဆို​လေ​၏​။


ဤသို့ဖြင့် သင်​တို့​သည် သင်​တို့​ဘိုးဘေး​များ​ပြု​သော​အမှု​တို့​ကို သဘောတူ​ထောက်ခံ​၍ ထို​အမှု​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ပရောဖက်​များ​ကို​သတ်​၍ သင်​တို့​သည် သင်္ချိုင်း​ဂူ​များ​ကို​တည်ဆောက်​ကြ​၏။


သင်​တို့​ကို ငါ​သိ​သည့်​နေ့​မှစ၍ သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​လျက်​ရှိ​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ