သူကြီး 2:13 - မြန်မာ့စံမီသမ္မာကျမ်း13 သူတို့သည် ထာဝရဘုရားကို စွန့်၍ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 သူတို့သည်ထာဝရဘုရားအားကိုးကွယ်မှု ကိုစွန့်၍ ဗာလဘုရားများနှင့်အာရှတရက် ဘုရားများကိုရှိခိုးကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထာ ဝ ရ ဘု ရား ကို စွန့် ပယ်၍၊ ဗာ လ နတ်၊ အာ ရှ တ ရက် နတ် တို့ ကို ဝတ် ပြု ကြ သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible13 ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊ အခန်းကိုကြည့်ပါ။ |
ဆီဒုန်အမျိုးသားတို့ကိုးကွယ်သော ရွံရှာဖွယ်အာရှတရက်ဘုရား၊ မောဘအမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်အမျိုးသားတို့ကိုးကွယ်သောရွံရှာဖွယ် မိလကုံဘုရားတို့အတွက် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ထားပေးခဲ့သော ဂျေရုဆလင်မြို့အရှေ့ဘက်၊ ပျက်စီးရာတောင်၏တောင်ဘက်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကိုလည်း ရှင်ဘုရင်က မစင်ကြယ်အောင် လုပ်ပစ်၏။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် သူတို့ကို ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။