ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
သူကြီး 11:36 - မြန်မာ့စံမီသမ္မာကျမ်း သမီးဖြစ်သူက ဖခင်အား “အဖေသည် ထာဝရဘုရားထံ ကတိသစ္စာပြုပြီဖြစ်၍ ကတိထားသည့်အတိုင်း ပြုပါလော့။ အဖေ၏ရန်သူအမ္မုန်အမျိုးသားတို့အား လက်တုံ့ပြန်ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ Common Language Bible သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။- Garrad Bible သ မီး က၊ အို ဖ ခင်၊ ထို သို့ နှုတ် မြွတ် မိ လျှင် ထာ ဝ ရ ဘု ရား သည် အ မ္မုန် အ မျိုး သား ရန် သူ တို့ အ ပေါ် တွင် လက် စား ချေ ခွင့် ပေး တော် မူ သော ကြောင့် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ နှုတ် မြွတ် သည့် အ တိုင်း ကျွန် မ ကို စီ ရင် ပါ ဟူ၍လည်း ကောင်း၊ Judson Bible သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှာ အပြစ်ပေးတော်မူပြီ။ |
ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
ယောက်ျားတစ်ယောက်သည် ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကျိန်ဆိုခြင်းဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ သူသည် မိမိစကားကိုမဖျက်ရ။ မိမိနှုတ်ထွက်သမျှအတိုင်း ပြုရမည်။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုအခါ ပေါလုက “သင်တို့သည် ငိုကြွေးလျက်၊ ငါ၏စိတ်နှလုံးကိုကြေကွဲစေလျက် မည်သည့်အရာကို ပြုကြသနည်း။ ငါသည် သခင်ယေရှု၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းခံရရန်သာမက အသေခံရန်ပင် အသင့်ရှိသည်”ဟု ပြန်ပြော၏။
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး ပိုင်နက်ဖြစ်သည့် အာနုန်ချောင်းနံဘေးရှိအာရော်မြို့၊ အာနုန်ချောင်း တစ်ဝက်မှ ဂိလဒ်ပြည်တစ်ဝက်၊ အမ္မုန်အမျိုးသားတို့နယ်စပ် ယဗ္ဗုတ်ချောင်းအထိ အောင်နိုင်ခဲ့၏။