သူကြီး 11:36 - Common Language Bible36 သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible36 သ မီး က၊ အို ဖ ခင်၊ ထို သို့ နှုတ် မြွတ် မိ လျှင် ထာ ဝ ရ ဘု ရား သည် အ မ္မုန် အ မျိုး သား ရန် သူ တို့ အ ပေါ် တွင် လက် စား ချေ ခွင့် ပေး တော် မူ သော ကြောင့် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ နှုတ် မြွတ် သည့် အ တိုင်း ကျွန် မ ကို စီ ရင် ပါ ဟူ၍လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible36 သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှာ အပြစ်ပေးတော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 သမီးဖြစ်သူက ဖခင်အား “အဖေသည် ထာဝရဘုရားထံ ကတိသစ္စာပြုပြီဖြစ်၍ ကတိထားသည့်အတိုင်း ပြုပါလော့။ အဖေ၏ရန်သူအမ္မုန်အမျိုးသားတို့အား လက်တုံ့ပြန်ရသောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-