Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 30:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ယောက်ျား​တစ်​ယောက်​သည် ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​ခြင်း​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ သူ​သည် မိမိ​စကား​ကို​မ​ဖျက်​ရ​။ မိမိ​နှုတ်​ထွက်​သမျှ​အတိုင်း ပြု​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန် က​တိ​ပြု​လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ တစ်​ရာ​ကို​ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော် လည်း​ကောင်း ထို​သစ္စာ​က​တိ​ကို​မ​ချိုး​ဖောက် ရ။ က​တိ​သစ္စာ​ပြု​ထား​သည့်​အ​တိုင်း​တစ် သ​ဝေ​မ​တိမ်း​ဆောင်​ရွက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ထာ ဝ ရ ဘု ရား အ ဖို့ သ စ္စာ ဝတ် ထား သော် လည်း ကောင်း၊ ကိုယ် ကို ချုပ် တည်း ရန် ကျိန် ဆို သော် လည်း ကောင်း၊ မ ဖောက် မ ကျော် ဘဲ နှုတ် ထွက် သ မျှ အ တိုင်း ပြု စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 30:2
36 ပူးပေါင်းရင်းမြစ်များ  

သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။


ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌ ငါ​ပြည့်စုံ​စေ​မည်​။


ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌​လည်းကောင်း​၊


ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။


မိမိ​နှုတ်​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊


လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။


ထိုသို့သော​သူ​သည် သူ​၏​မိတ်ဆွေ​များ​ကို လက်ရောက်​ကျူးလွန်​၍ သူ​၏​ပဋိညာဉ်​ကို ရှုတ်ချ​လေ​ပြီ​။


အို ဘုရားသခင်​၊ ကိုယ်တော့်​ထံ​ပြု​ထား​သော​ကတိသစ္စာ​များ​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​အား ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ၎င်း​ကို​ပြည့်စုံ​စေ​ပါ​မည်​။


သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​၍ ပြည့်စုံ​စေ​ကြ​လော့​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​သည် ကြောက်ရွံ့ရိုသေ​ရ​သော​အရှင်​ထံသို့ လက်ဆောင်ပဏ္ဏာ​ကို​ယူဆောင်​လာ​ကြ​ပါစေသော​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


တစ်စုံတစ်ခု​ကို သန့်ရှင်းသောအရာ​အဖြစ် အလျင်စလို​ဆက်ကပ်​၍ ကတိသစ္စာ​ပေး​ပြီးမှ ထောက်ရှုဆင်ခြင်​ခြင်း​သည် လူ​တစ်ဦး​အတွက် ထောင်ချောက်​ဖြစ်​၏​။


တစ်စုံတစ်ယောက်​သည် ဆိုးညစ်​သော​အမှု​ကို​ပြု​မည်​၊ ကောင်း​သော​အမှု​ကို​ပြု​မည်​ဟူ၍ နှုတ်​ဖြင့်​မဆင်မခြင်​ကျိန်ဆို​ပြီး ထို​မဆင်မခြင်​ကျိန်ဆို​သော​အရာ​ကို သူ​သည် သတိမမူ​မိ​ဘဲ​နေ​၍ နောက်မှ ထို​အရာ​ကို သိလာ​လျှင်​လည်း ထို​ကျိန်ဆို​သော​အရာ​တစ်စုံတစ်ခု​ကြောင့် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။


ကြည့်ရှု​လော့​။ ကောင်းမြတ်​သော​သတင်း​ကို ယူဆောင်​လာ​သူ​၊ ငြိမ်သက်​ခြင်း​သတင်း​ကြားပြော​သူ​၏​ခြေ​တို့​ကို တောင်​များ​ပေါ်တွင် တွေ့​ရ​၏​။ အို ယုဒ​၊ ပွဲတော်​များ​ကို ကျင်းပ​လော့​။ ကတိသစ္စာဝတ်​ကို ဖြေ​လော့​။ ဆိုးညစ်​သော​သူ​ကို သုတ်သင်​ပစ်​ပြီ​ဖြစ်၍ သင့်​ထံ ဝင်ရောက်ကျူးကျော်​နိုင်​တော့​မည်​မ​ဟုတ်​။


ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​က ထာဝရဘုရား​အား “​ကိုယ်တော်​သည် ဤ​လူမျိုး​ကို အကျွန်ုပ်​တို့​လက်​သို့ အမှန်တကယ်​အပ်​တော်မူ​လျှင် အကျွန်ုပ်​တို့​သည် သူ​တို့​၏​မြို့​များ​ကို အကုန်အစင်​ဖျက်ဆီး​ပစ်​ပါ​မည်​”​ဟု ကတိသစ္စာ​ပြု​လေ​၏​။


မိမိ​ယောက်ျား​၏​အိမ်​၌​နေ​စဉ် ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​၍ မိမိကိုယ်မိမိ ကတိစကား​ဖြင့်​ချည်နှောင်​လျှင်​ဖြစ်စေ


သင်​တို့​နှင့် သင်​တို့​ကလေး​များ​အတွက် မြို့​ကို​တည်​၍ သင်​တို့​၏​သိုး​များ​အတွက် ခြံခတ်​ကြ​လော့​။ သင်​တို့ နှုတ်​ထွက်​သည့်​အတိုင်း​လည်း ပြု​ကြ​လော့​”​ဟု ဆို​လေ​၏​။


မျက်စိ​မ​မြင်​သော​လမ်းပြ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ သင်​တို့​က ‘မည်သူမဆို ဗိမာန်​တော်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ဗိမာန်​တော်​၏​ရွှေ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန်​တာဝန်​ရှိ​၏’ဟု ဆို​ကြ​၏။


ထို့ပြင် သင်​တို့​က ‘မည်သူမဆို ယဇ်ပလ္လင်​ကို တိုင်တည်​ပြောဆို​လျှင် အကျုံး​မ​ဝင်။ သို့သော် ယဇ်ပလ္လင်​ပေါ်၌​ရှိ​သော ပူဇော်သက္ကာ​ကို တိုင်တည်​ပြောဆို​လျှင် ထို​အတိုင်း​ပြု​ရန် တာဝန်​ရှိ​၏’​ဟု ဆို​ကြ​၏။


မိုးလင်း​သောအခါ ဂျူး​လူမျိုး​တို့​သည် ပူးပေါင်း​ကြံစည်​လျက် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အရာ​ကို​မျှ မ​စား​မ​သောက်​ရန် ကျိန်ဆို​ကြ​၏။


သူ​တို့​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့်​သက်ကြီးဝါကြီး​များ​ထံ ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မည်သည့်​အစာ​ကို​မျှ မ​မြည်း​မ​စမ်း​ဟု အလေးအနက်​ကျိန်ဆို​ထား​ကြ​ပါ​သည်။


သို့ရာတွင် သူ​တို့​ကို မ​လိုက်လျော​ပါ​နှင့်။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ထဲမှ လူ​လေးဆယ်​ကျော်​တို့​သည် သူ့​ကို​ချောင်းမြောင်း​နေ​ကြ​ပါ​သည်။ သူ​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မ​စား​မ​သောက်​ရန် ကျိန်ဆို​ထား​ကြ​ပါ​သည်။ ယခု​ပင် သူ​တို့​သည် အသင့်​ရှိ​လျက် အရှင်​၏​သဘောတူ​ချက်​ကို စောင့်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။


ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန္သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။


ထို့ကြောင့် ယေဖသ​သည် ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​နှင့်အတူ လိုက်သွား​၏​။ သူ​တို့​သည် ယေဖသ​ကို သူ​တို့​၏​ခေါင်းဆောင်​၊ ဦးစီးဦးဆောင်​သူ​အဖြစ် ခန့်ထား​ကြ​၏​။ ယေဖသ​သည် ထို​သူ​တို့​နှင့်​ပြော​ခဲ့​သော​စကား​အလုံးစုံ​ကို မိဇပါ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ လျှောက်တင်​လေ​၏​။


နှစ်​လ​ပြည့်​သောအခါ သူ​သည် ဖခင်​ထံ​ပြန်လာ​၏​။ ဖခင်​သည်​လည်း မိမိ​ကတိသစ္စာ​ပြု​သည့်​အတိုင်း သမီး​၌ ပြု​လေ​၏​။ သူ​သည် ယောက်ျား​နှင့်​မ​ဆက်ဆံ​ဖူး​သော​အပျိုစင်​ဖြစ်​၏​။ ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​တွင် ဓလေ့​တစ်​ခု​ဖြစ်လာ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ