ထို့ကြောင့် ယေဖသသည် ညီအစ်ကိုတို့ထံမှ ထွက်သွား၍ တောဘပြည်တွင် နေထိုင်၏။ အခြေအနေမဲ့သူတို့သည် သူ့ထံစုရုံးလာ၍ သူနှင့်လိုက်နေကြ၏။
ယေဖသသည်လည်းမိမိ၏ညီအစ်ကိုများ ထံမှထွက်ပြေး၍ တောဘပြည်၌နေထိုင် လေသည်။ ထိုအရပ်၌သူသည်အခြေအနေ မဲ့သူလူတစ်စု၏လေးစားမှုကိုခံရ သဖြင့် ထိုသူတို့သည်သူ၏နောက်သို့ လိုက်ကြလေသည်။
ညီ တို့ ထံ မှ ပြေး သွား လျက်၊ တော ဘ နယ် တွင် နေ ရာ ကျ သော ယေ ဖ သ ထံ၊ လူ သွမ်း တို့ ဆည်း ကပ် လိုက် သွား ကြ ရာ မ ကြာ မီ အ မ္မုန် အ မျိုး သား တို့ သည်
ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာစည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ ဇောဘမြို့နှင့် ရဟောဘမြို့မှဆီးရီးယားလူမျိုး၊ တောဘနှင့် မာခါအမျိုးသားတို့မူကား မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။
သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။
ဂိလဒ်၏မယားသည် သားတို့ကိုမွေးဖွား၏။ ထိုမယား၏သားတို့ ကြီးပြင်းလာသောအခါ ယေဖသအား “သင်သည် အခြားမိန်းမ၏သားဖြစ်သောကြောင့် ငါတို့အဖ၏အိမ်သူအိမ်သားတို့နှင့်အတူ အမွေမခံရ”ဟု ဆို၍နှင်ထုတ်ကြ၏။
သူတို့သည် ဗာလဗေရိတ်ဝတ်ကျောင်းထဲမှ ငွေခုနစ်ဆယ်ရှယ်ကယ်ကို အဘိမလက်အားပေးရာ သူက ထိုငွေဖြင့် လူဆိုးလူမိုက်တို့ကို ငှားရမ်း၍ သူ့နောက်လိုက်စေ၏။
ဒုက္ခရောက်နေသူ၊ အကြွေးမဆပ်နိုင်သူ၊ ဘဝကို ခါးသီးစွာခံစားနေရသူအပေါင်းတို့သည် သူ့ထံလာရောက်စုဝေးကြရာ လူလေးရာခန့်ရှိ၍ ဒါဝိဒ်သည် သူတို့ကို ဦးဆောင်လေ၏။
ဒါဝိဒ်သည် ထ၍ သူ့နောက်လိုက်လူခြောက်ရာတို့နှင့်အတူ မောခ၏သား ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ သွားလေ၏။