Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ကြီး 11:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဂိလဒ်​၏​မယား​သည် သား​တို့​ကို​မွေးဖွား​၏​။ ထို​မယား​၏​သား​တို့ ကြီးပြင်း​လာ​သောအခါ ယေဖသ​အား “​သင်​သည် အခြား​မိန်းမ​၏​သား​ဖြစ်​သောကြောင့် ငါ​တို့​အဖ​၏​အိမ်သူအိမ်သား​တို့​နှင့်အတူ အမွေ​မ​ခံရ​”​ဟု ဆို​၍​နှင်ထုတ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 မ​ယား​နှင့်​ရ​သော​သား​များ​လည်း​ရှိ​၏။ ထို သူ​တို့​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ ယေ ဖ​သ​အား​နေ​အိမ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။ သူ​တို့​က``သင်​သည်​အ​ခြား​မိန်း​မ​နှင့်​ရ သော​သား​ဖြစ်​သ​ဖြင့် ငါ​တို့​ဖခင်​၏​အ​မွေ ကို​ခံ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဂိ လဒ် မ ယား ဖွား မြင် သော သား တို့ အ ရွယ် မြောက် သော်၊ ယေ ဖ သ အား အ ခြား သော မိန်း မ၏ သား ဖြစ် သော ကြောင့် အ ဖ အိမ် တွင် အ မွေ ကို နင် မ ခံ ထိုက် ဟု ပြော ဆို နှင် ထုတ် ကြ သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဂိ​လဒ်၏​မ​ယား ဖွား​မြင်​သော​သား​တို့​သည် ကြီး​သော​အ​ခါ၊ သင်​သည် အ​ခြား​တစ်​ပါး​သော မိန်း​မ၏ သား​ဖြစ်​သော​ကြောင့်၊ ငါ​တို့ အ​ဆွေ​အ​မျိုး​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု ယေ​ဖ​သ​ကို​ဆို၍ နှင်​ထုတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:2
10 ပူးပေါင်းရင်းမြစ်များ  

အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့် စကား​တို့​ဖြင့်​မြှူဆွယ်​တတ်​သော ကိုယ်ကျင့်​တရား​ပျက်ပြား​သည့်​မိန်းမ​၏​လက်​မှ​လည်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။


ဖောက်ပြန်​ရာ​မှ​ရ​သော​ကလေး​သည် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။ သူ​၏​မျိုးဆက် ဆယ်​ဆက်​မြောက်​တိုင်အောင် ထာဝရဘုရား​၏​လူအစုအဝေး​ထဲသို့ မ​ဝင်​ရ​။


ထို့နောက် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​၏​။ ထို​ပြည်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​အလွန်​ဆိုးရွား​သောကြောင့် အာဗြံ​သည် အီဂျစ်​ပြည်​၌​တည်းခိုနေထိုင်​ရန် ဆင်းသွား​လေ​၏​။


ငါ့​သား​၊ သင်​သည် အဘယ်ကြောင့် အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့်​ယစ်မူး​၍ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ရင်​ကို ပွေ့ဖက်​ရ​သနည်း​။


အကြောင်းမူကား အကျင့်​ဖောက်ပြား​သော​မိန်းမ​၏​နှုတ်ခမ်း​မှ ပျားရည်​ယိုစီး​၍ သူ​၏​နှုတ်​သည် ဆီ​ထက်​ချောမွေ့​၏​။


သို့ရာတွင် ကျမ်းစာ​က မည်သို့​ဆို​ထား​သနည်း။ “ကျွန်​မ​နှင့်​သူ​၏​သား​ကို နှင်ထုတ်​လော့။ အကြောင်းမူကား ကျွန်​မ​၏​သား​သည် လွတ်လပ်​သော​မိန်းမ​၏​သား​နှင့်အတူ လုံးဝ​အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။


ဂိလဒ်​ပြည်သား ယေဖသ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တစ်ဦး​ဖြစ်​၏​။ ယေဖသ​၏​ဖခင်​မှာ ဂိလဒ်​ဖြစ်​ပြီး မိခင်​မှာ ပြည့်တန်ဆာမ​ဖြစ်​၏​။


ထို့ကြောင့် ယေဖသ​သည် ညီအစ်ကို​တို့​ထံ​မှ ထွက်သွား​၍ တောဘ​ပြည်​တွင် နေထိုင်​၏​။ အခြေအနေ​မဲ့​သူ​တို့​သည် သူ့​ထံ​စုရုံး​လာ​၍ သူ​နှင့်​လိုက်​နေ​ကြ​၏​။


အာဗြဟံ​အား “​ဤ​ကျွန်မ​နှင့် သူ​၏​သား​ကို နှင်ထုတ်​ပါ​လော့​။ အကြောင်းမူကား ဤ​ကျွန်မ​၏​သား​သည် အကျွန်ုပ်​၏​သား​ဣဇက်​နှင့်အတူ အမွေခံ​မ​ဖြစ်​ရ​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ