၂ ရာ 10:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 အ မ္မုန် အ မျိုး သား တို့ သည် ဒါ ဝိဒ် မင်း ရှေ့ ထို သို့ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် သည် ကို သိ မြင် လျှင် ဗက် ရ ဟော ဘ မြို့ နှင့် ဇောဘ မြို့ နေ ရှုရိ ခြေ သည် နှစ် သောင်း၊ မာ ခါ ဘု ရင် နှင့် သူ ရဲ တစ် ထောင်၊ တော ဘ သူ ရဲ တစ် သောင်း နှစ် ထောင် တို့ အား အ ငှါး ခေါ် ထား ကြောင်း ဒါ ဝိဒ် မင်း ကြား သော် အခန်းကိုကြည့်ပါ။Judson Bible6 အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူတို့ကိုစေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူတစ်ထောင်၊ တောဘမြို့သား တစ်သောင်းနှစ်ထောင်တို့ကို ငှားကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်