အကြောင်းမူကား ငါသည် သင်တို့အား ကောင်းမြတ်သောပညာကို ပေး၏။ ငါ၏သွန်သင်ချက်ကို မစွန့်ပယ်ကြနှင့်။
ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ် တရားကို မပယ်ကြနှင့်။
ကောင်း မွန် သော ဩ ဝါ ဒ ကို ငါ ပေး သည် ဖြစ်၍၊ ငါ ပြ သော တ ရား ကို မ စွန့် ပယ် ကြ နှင့်။
ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
သို့သော် သင်တို့သည် ငါ့ထံမှကျောခိုင်းသွား၍ သင်တို့အား ငါမိန့်မှာထားသော ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စွန့်ပစ်ပြီး အခြားဘုရားများကို သွား၍ဝတ်ပြုကိုးကွယ်မည်ဆိုလျှင်
သင်က ‘ငါ၏သွန်သင်ချက်သည် စင်ကြယ်၏။ ကိုယ်တော့်ရှေ့တွင် ငါသန့်ရှင်း၏’ဟု ဆို၏။
ဖြောင့်မှန်သောစိတ်သဘောဖြင့် ပြောပါမည်။ သိထားသောအရာများကို နှုတ်ခမ်းဖြင့် ရိုးသားစွာပြောပါမည်။
သူတို့သည် အကျွန်ုပ်ကို ကမ္ဘာမြေကြီးပေါ်မှ အပြီးသတ်သုတ်သင်လုနီးပါးဖြစ်ခဲ့ပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို မစွန့်ပယ်ပါ။
ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
အကျွန်ုပ်တို့ဘိုးဘေး ရေခပ်၏သားယောနဒပ် မှာထားသမျှစကားတို့ကို အကျွန်ုပ်တို့နာခံပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏မယား၊ သားသမီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး စပျစ်ဝိုင်ကို မသောက်ကြပါ။
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။