Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို အ တိုင်း ညီ အစ် ကို တို့ အား ဆင့် ဆို လျှင် သင် သည် လိုက် နာ ခဲ့ ပြီး သော ဒေ သ နာ မြတ် နှင့် ယုံ ကြည် ခြင်း တ ရား စ ကား များ ကြောင့် ကျွေး မွေး ခြင်း ခံ ရ သည့် အ လျောက် ခ ရစ် တော် ယေ ရှု၏ ကောင်း သော အ မှု တော် ဆောင် ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဤ​စ​ကား​များ​ကို သင်​သည် ညီ​အစ်​ကို​တို့​အား ကြား​ပြော​လျှင်၊ ယုံ​ကြည်​ချက်​စ​ကား၊ ကိုယ်​တိုင် ရှာ​ဖွေ​လေ့​ကျက်​သော သ​မ္မာ​ဩ​ဝါ​ဒ​စ​ကား​နှင့် မွေး​မြူ​ခြင်း​ကို ခံ​သော ယေ​ရှု​ခ​ရစ်၏ ဓ​မ္မ​ဆ​ရာ​ကောင်း​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:6
39 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​တရားတော်​သည် ပြည့်ဝစုံလင်​၍ စိတ်ဝိညာဉ်​ကို​လန်းဆန်း​စေ​၏​။ ထာဝရဘုရား​၏​သက်သေခံချက်​သည် ယုံကြည်​စိတ်ချ​ရ​၍ အသိပညာ​နည်းပါး​သော​သူ​တို့​ကို ပညာရှိ​စေ​၏​။


အကြောင်းမူကား ငါ​သည် သင်​တို့​အား ကောင်းမြတ်​သော​ပညာ​ကို ပေး​၏​။ ငါ​၏​သွန်သင်ချက်​ကို မ​စွန့်ပယ်​ကြ​နှင့်​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို တွေ့ရှိ​ပါ​ပြီ​၊ မှီဝဲ​ပါ​ပြီ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​ပါ​၏​။ အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်​ခြင်း​ခံရ​သူ​ဖြစ်​ပါ​၏​။


ကိုယ်တော်​က​လည်း“သို့ဖြစ်၍ ကောင်းကင်​နိုင်ငံ​တော်​၏​တပည့်​ဖြစ်​လာ​သော ကျမ်းပြု​ဆရာ​တိုင်း​သည် မိမိ​၏​ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာ​ဘဏ္ဍာ​အသစ်​နှင့်​အဟောင်း​တို့​ကို ထုတ်ယူ​သော​အိမ်ရှင်​နှင့်​တူ​၏”​ဟု မိန့်​တော်မူ​၏။


အလုံးစုံ​တို့​ကို အစ​မှစ၍ သေချာ​စွာ​စိစစ်​လေ့လာ​ခဲ့​သော​ငါ​သည်​လည်း အသင် သင်ယူ​ခဲ့​ပြီး​သော​အကြောင်းအရာ​များ ဧကန်​အမှန်​ဖြစ်ကြောင်း​သိရှိ​စေရန် ၎င်း​တို့​ကို အသင့်​ထံ အစဉ်လိုက်​ရေးသား​သင့်​သည်​ဟု​ထင်မှတ်​ပါ​၏။


ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍


ထို့ကြောင့် ငါ​သည် သင်​တို့​တစ်ဦးစီ​ကို သုံး​နှစ်​ပတ်လုံး နေ့​ည​မ​ပြတ် မျက်ရည်​ဖြင့် သတိပေး​ဆုံးမ​ခဲ့​သည်​ကို အောက်မေ့​လျက် သတိ​ဝီရိယ​ရှိ​ကြ​လော့။


ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့်‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။


သို့သော် လူမျိုးခြား​တို့​အတွက် ငါ့​ကို​ခရစ်တော်​ယေရှု​၏​အမှု​တော်​ကို​ထမ်းဆောင်​သူ​ဖြစ်​စေ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ဆိုင်သည့်​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​စေ​ပြီး ထို​လူမျိုးခြား​တို့​ကို​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သည့်​နှစ်သက်​လက်ခံ​ဖွယ်​ပူဇော်သက္ကာ​ဖြစ်​စေရန် ငါ့​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို တစ်ဖန်​သတိပေး​ရန် တချို့​အပိုင်း​၌ ငါ​ရဲဝံ့​စွာ ရေး​ခဲ့​၏။


ဤ​အကြောင်း​ကြောင့် သခင်​ဘုရား​၌​သစ္စာရှိ​သော ငါ​၏​ချစ်​သား တိမောသေ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​၏။ သူ​သည် အရပ်ရပ်​တို့​၌ အသင်းတော်​တိုင်း​တွင် ငါ​သွန်သင်​သည့်​အတိုင်း ခရစ်တော်​ယေရှု​၌ ငါ​လိုက်လျှောက်​သော​လမ်း​တို့​ကို သင်​တို့​အား သတိရ​စေ​လိမ့်မည်။


သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။


ဘုရားသခင်​သည် ငါ​တို့​အား ပဋိညာဉ်​သစ်​၏​အမှု​ကို​ဆောင်ရွက်​နိုင်​သော​အစွမ်းအစ​ကို​ပေး​တော်မူ​၏။ ထို​ပဋိညာဉ်​သစ်​သည် အက္ခရာတင်​ထား​သော​တရား​နှင့်​မ​ဆိုင်၊ ဝိညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အကြောင်းမူကား အက္ခရာတင်​ထား​သော​တရား​သည် အသက်​ကို​သေ​စေ​၍ ဝိညာဉ်​တော်​မူကား အသက်​ကို​ရရှိ​စေ​၏။


အလွန်​သည်းခံ​ခြင်း​၌​ဖြစ်စေ၊ ဒုက္ခ​ဆင်းရဲ​ခြင်း​၌​ဖြစ်စေ၊ ခက်ခဲ​ကျပ်တည်း​ခြင်း​၌​ဖြစ်စေ၊ နာကျင်​ခြင်း​ဝေဒနာ​၌​ဖြစ်စေ၊


ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။


သို့သော် တိမောသေ​သည် ငါ​နှင့်အတူ သား​အဖ​ကဲ့သို့ ကောင်းမြတ်​သော​သတင်း​အတွက် အစေခံ​ခဲ့​သောကြောင့် သူ​၏​ရင့်ကျက်​သော​ပါရမီ​ကို သင်​တို့​သိ​ကြ​၏။


မည်သို့ပင်ဖြစ်စေ ငါ​တို့​သည် မိမိ​တို့​ရောက်ရှိ​သည့်​အနေအထား​နှင့်အညီ လိုက်လျှောက်​ကြ​ကုန်စို့။


ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။


ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။


သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​၌ ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်​သော ငါ​တို့​၏​ညီ တိမောသေ​ကို စေလွှတ်​လိုက်​၏။ သူ့​ကို​စေလွှတ်​ခြင်း​မှာ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ပတ်သက်၍ သင်​တို့​ကို တိုက်တွန်း​နှိုးဆော်​၍ ခိုင်ခံ့​မြဲမြံ​စေရန်​နှင့်


တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


သင့်ကိုယ်သင်​သော်လည်းကောင်း၊ သင်​၏​သွန်သင်​ချက်​ကို​သော်လည်းကောင်း ဂရုစိုက်​၍ ထို​သွန်သင်ချက်​တို့​၌ အမြဲ​တည်​နေ​လော့။ အကြောင်းမူကား သင်​သည် ထိုသို့​ပြု​ခြင်း​ဖြင့် သင့်ကိုယ်သင်​နှင့် သင့်​ကို​နားထောင်​သော​သူ​တို့​ကို ကယ်တင်​လိမ့်မည်။


တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင်


ထို့ကြောင့် ငါ​လက်​တင်​သော​အားဖြင့် သင်​ရရှိ​သော​ဘုရားသခင်​၏​ဆု​ကျေးဇူး​ကို ပြန်လည်​လှုံ့ဆော်​ရန် သင့်​ကို ငါ​သတိပေး​၏။


သို့သော် သင်​သည် ငါ​၏​သွန်သင်​ချက်၊ အသက်ရှင်​နေထိုင်​မှု၊ အကြံအစည်၊ ယုံကြည်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်းခံ​ခြင်း​တို့​၌​လည်းကောင်း၊


အကြောင်းမူကား လူ​တို့​သည် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို သည်းခံ​နာယူ​နိုင်​ခြင်း​မ​ရှိ​သဖြင့် မိမိ​တို့​တပ်မက်​ခြင်း​အတိုင်း နား​ခံသာ​သော​အရာ​ကို​ဟောပြော​သည့်​ဆရာ​များ​ကို​စုရုံး​စေ​ကာ


သင်​မူကား မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​နှင့် သင့်လျော်​သည့်​အရာ​များ​ကို ဟောပြော​လော့။


သခင်​ဘုရား​သည် ကျေးဇူးပြု​တော်မူ​ကြောင်း သင်​တို့​မြည်းစမ်း​ကြ​ပြီ​ဖြစ်၍ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​အားဖြင့် ကယ်တင်​ခြင်း​၌​ကြီးထွား​ရန် မွေးကင်းစ​ကလေးငယ်​များ​ကဲ့သို့ ထို​နို့ရည်​ကို​တောင့်တ​ကြ​လော့။


ခရစ်တော်​၏​သွန်သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်လွန်​သော​သူ​တိုင်း​သည် ဘုရားသခင်​ကို​မ​ရရှိ​ပေ။ ထို​သွန်သင်​ချက်​၌​တည်​သော​သူ​သည် ခမည်းတော်​နှင့်​သား​တော်​ကို​ရရှိ​၏။


သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ