Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​သည် ငါ့​ဖခင်​အတွက် သား​တစ်​ဦး​ဖြစ်​ပြီး ငါ့​မိခင်​ရှေ့​၌ နုနယ်​သည့်​တစ်ဦးတည်း​သော​သား​ဖြစ်​စဉ်က

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ငါ မူ ကား၊ အ ဘ၏ ရင် နှစ်၊ အ မိ၏ မျက် ချယ်၊ နူး ညံ့ သော ဧ က ပု တ္တ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ငါ​မူ​ကား၊ အ​ဘ၏​ရင်​နှစ်၊ အ​မိ​ရှေ့​မှာ​နူး​ညံ့၍ အ​ချစ်​ဆုံး​သော​သား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 4:3
8 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​က “​ငါ့​သား​တော်​ရှောလမုန်​သည် အသက်ငယ်​သေး​၍ အတွေ့အကြုံ​နည်း​လှ​၏​။ ထာဝရဘုရား​အဖို့ တည်ဆောက်​ရ​မည့်​အိမ်​တော်​သည် အတိုင်းတိုင်း​အပြည်ပြည်​တွင် နာမည်​ကျော်ကြား​၍ ဂုဏ်ကျက်သရေ​တင့်တယ်​နေ​ရ​မည်​။ ထို့ကြောင့် ယခုပင် ငါ​ကြိုတင်​ပြင်ဆင်​ထား​ပေး​မည်​”​ဟု မိန့်ဆို​၍ အနိစ္စ​မ​ရောက်​မီ များစွာ​ပြင်ဆင်​ထား​ပေး​ခဲ့​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် လူထု​တစ်ရပ်လုံး​အား “​ဘုရားသခင်​ရွေးချယ်​တော်မူ​သော​ငါ့​သား​ရှောလမုန်​သည် ငယ်ရွယ်​၍ အတွေ့အကြုံ​မ​ရှိ​သေး​။ သို့သော် သူ​လုပ်ဆောင်​ရ​မည့်​အလုပ်​မှာ ကြီးမြတ်​လှ​၏​။ သူ​ဆောက်လုပ်​ရ​မည့်​ဗိမာန်တော်​သည် လူ​အဖို့​မ​ဟုတ်​၊ ဘုရားသခင်​ထာဝရဘုရား​အဖို့ ဖြစ်​၏​။


ဂျေရုဆလင်​မြို့​တွင် ရ​သော​သား​များ​မှာ အမျေလ​၏​သမီး​ဗာသရှုအာ​နှင့်​ရ​သော​ရှိမာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန် ပေါင်း​လေး​ယောက်​အပြင်


အို ထာဝရဘုရား​၊ လူ​သည် မိမိ​သွား​ရာ​လမ်း​ကို မိမိ​မ​ပိုင်​၊ လမ်းလျှောက်​နေ​သော​သူ​သည် ကိုယ့်​ခြေလှမ်း​ကို ကိုယ်​မ​တည့်မတ်​စေ​နိုင်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ