အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 29:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှင်ဘုရင်​သည် တရားမျှတမှု​အားဖြင့် တိုင်းပြည်​ကို​တည်မြဲ​စေ​တတ်​၏​။ အခွန်​မတရား​ကောက်ခံ​သော​သူ​မူကား တိုင်းပြည်​ကို​ပြိုပျက်​စေ​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

တ ရား သ ဖြင့် စီ ရင် ခြင်း ကြောင့် ဘု ရင် မင်း သည်၊ တိုင်း နိုင် ငံ ကို တည် စေ၏။ အ ခွန် အ တုတ် ကြီး သော မင်း မူ ကား၊ မှောက် လှန် တတ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

တ​ရား​သ​ဖြင့် စီ​ရင်​သော​ရှင်​ဘု​ရင်​သည် တိုင်း​ပြည်​ကို တည်​စေ​တတ်၏။ တံ​စိုး​စား​သော ရှင်​ဘု​ရင်​မူ​ကား၊ တိုင်း​ပြည်​ကို မှောက်​လှန်​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 29:4
19 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။


ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင်​စံမြန်း​၍ သူ့​နိုင်ငံ​သည် တည်မြဲ​လေ​၏​။


မင်းကြီး​ကို​နှစ်သက်မြတ်နိုး​၍ ရှင်ဘုရင်​အဖြစ်​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​သော မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။ မင်းကြီး​၏​ဘုရားသခင်​သည် အစ္စရေး​လူမျိုး​ကို​ချစ်​တော်မူ​၍ ထာဝရ​တည်​စေ​လို​သဖြင့် တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ​စီရင်အုပ်ချုပ်​ရန် မင်းကြီး​ကို ရှင်ဘုရင်​အဖြစ် ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


ပြီးပြည့်စုံ​သော​ဉာဏ်ပညာ​သည် အသွား​နှစ်​ဖက်​ပါ​သည်​ဖြစ်၍ ဉာဏ်ပညာ​၏​လျှို့ဝှက်ချက်​ကို သင့်​အား ဖော်ပြ​တော်မူ​ပါစေ​။ ဘုရားသခင်​သည် သင့်​အပြစ်​များ​ကို မေ့လျော့​တော်မူ​ကြောင်း သိမှတ်​လော့​။


ဖြောင့်မတ်​ခြင်း​နှင့်​တရားမျှတ​ခြင်း​သည် ပလ္လင်​တော်​၏​အခြေတည်​ရာ​ဖြစ်​ပါ​၏​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​သွား​ကြ​ပါ​၏​။


တန်ခိုးကြီး​သော​ရှင်ဘုရင်​သည် တရားမျှတ​ခြင်း​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် သမာသမတ်​ရှိ​ခြင်း​ကို တည်မြဲ​စေ​တော်မူ​၏​။ ယာကုပ်​အမျိုး​ထဲတွင် တရားမျှတ​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​ကို စီရင်​တော်မူ​၏​။


ဖြောင့်မတ်​ခြင်း​သည် တိုင်းပြည်​ကို​ချီးမြှောက်​တတ်​၏​။ အပြစ်​မူကား တိုင်းသူပြည်သား​တို့​ကို အရှက်ကွဲ​စေ​တတ်​၏​။


ရှင်ဘုရင်​၏​နှုတ်ခမ်း​တွင် နိမိတ်စကား​ရှိ​၏​။ တရားစီရင်​ရာ​၌ သူ​၏​နှုတ်​သည် မှားယွင်း​မည်​မ​ဟုတ်​။


ရာဇပလ္လင်​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် တည်မြဲ​သည်​ဖြစ်၍ ရှင်ဘုရင်​တို့​သည် ဆိုးယုတ်​သော​အမှု​ပြု​ရ​မည်​ကို စက်ဆုပ်ရွံရှာ​ကြ​၏​။


တရားစီရင်​ရာ​ပလ္လင်​ပေါ်တွင်​ထိုင်​သော ရှင်ဘုရင်​သည် မကောင်းမှု​ရှိသမျှ​ကို မိမိ​၏​မျက်စိ​ဖြင့် လွင့်သွား​စေ​တတ်​၏​။


ဆင်းရဲ​သော​သူ​တို့​ကို မှန်ကန်​စွာ​တရားစီရင်​သော​ရှင်ဘုရင်​၏ ရာဇပလ္လင်​သည် ထာဝစဉ်​တည်မြဲ​လိမ့်မည်​။


ငါ့​အားဖြင့် ရှင်ဘုရင်​တို့​သည် စိုးစံ​ရ​၍ အုပ်ချုပ်​သူ​တို့​သည် ဖြောင့်မတ်​သော​လမ်းစဉ်​ကို ပြဋ္ဌာန်း​နိုင်​ကြ​၏​။


ထာဝရဘုရား​က “​နှစ်သက်​လက်ခံ​ဖွယ်​အချိန်​၌ သင့်​ကို​ငါ​ထူး​ပြီ​။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ငါ​ကူညီမစ​ပြီ​။ သင်​သည် ပြည်​တော်​ကို ပြန်လည်​ထူထောင်​ရန်​၊ လူသူကင်းမဲ့​သော​အမွေ​ပြည်​ကို အမွေဆက်ခံ​ရန် ငါ​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​ဖြစ်စေ​မည်​။


သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။


သူ့​နေရာ​တွင် နိုင်ငံ​၏​ဘုန်းစည်းစိမ်​အတွက်​အခွန်ကောက်ခံ​သော​သူ​ကို စေလွှတ်​မည့် မင်း​တစ်ပါး ပေါ်လာ​လိမ့်မည်​။ သို့သော် မကြာမီမှာ​ပင် ထို​မင်း​သည် အမျက်​ကြောင့်​မ​ဟုတ်​၊ စစ်ပွဲ​ကြောင့်​လည်း မ​ဟုတ်​ဘဲ ပျက်စီး​သွား​ရ​လိမ့်မည်​။


သူ​တို့​၏​လက်​နှစ်ဖက်စလုံး​သည် မကောင်းမှု​၌ ကျင်လည်​တတ်​ကြ​၏​။ အကြီးအကဲ​များ​၊ တရားသူကြီး​များ​သည် တံစိုးလက်ဆောင်​ကို တောင်းဆို​တတ်​ကြ​၏​။ မင်းအရာရှိ​တို့​သည်​လည်း မိမိ​တို့​စိတ်​အလိုရမ္မက်​ကို​သာ ဖော်ပြ​တတ်​ကြ​၏​။ ထို​သူ​တို့​သည် တစ်ကျိတ်တည်း​တစ်ဉာဏ်တည်း ဖြစ်​ကြ​၏​။


ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​မိန့်မှာ​ထား​သော​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ မိုက်မဲ​စွာ​ပြု​မိ​လေ​ပြီ​တကား​။ စောင့်ထိန်း​ခဲ့​လျှင် အစ္စရေး​နိုင်ငံ​အား အစဉ်​အုပ်စိုး​ရ​သော​အခွင့်​ကို သင့်​အား ထာဝရဘုရား​ပေး​တော်မူ​မည်​သာ​ဖြစ်​၏​။