ဆာလံ 89:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသော အမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည်၊ ပ လ္လင် တော်၏ တည် ရာ၊ မေတ္တာ ကျေး ဇူး နှင့် သ စ္စာ တော် သည်၊ မျက် နှာ တော် ရှေ့ ခ စား ရာ ဖြစ် ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible14 တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်ပါ၏။ ကရုဏာနှင့်သစ္စာသည် မျက်နှာတော်ရှေ့၌သွားကြပါ၏။ အခန်းကိုကြည့်ပါ။ |
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။