မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
သုတ္တံကျမ်း။ 28:18 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။ Common Language Bible ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။ Garrad Bible ရိုး ဖြောင့် စွာ လိုက် သော သူ သည်၊ ဘေး လွတ် လိမ့် မည်။ လမ်း နှစ် ခွ ကို ကောက် ကျစ် စွာ လိုက် သော သူ မူ ကား၊ တစ် လမ်း လမ်း တွင် လဲ လိမ့် မည်။ Judson Bible ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေးလွတ်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သောသူမူကား၊ ချက်ချင်းလဲလိမ့်မည်။ |
မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည် အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
အကျွန်ုပ်မူကား တည်ကြည်စွာလျှောက်လှမ်းပါ၏။ အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
တည်ကြည်စွာလျှောက်လှမ်းသောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရလိမ့်မည်။ မိမိလမ်းတို့ကိုကွေ့ကောက်စေသောသူ၏ သဘောမူကား သိသာထင်ရှားလာလိမ့်မည်။
ဖြောင့်မှန်သောသူကို မကောင်းသောလမ်းထဲသို့ လမ်းလွဲစေသောသူသည် မိမိ၏တွင်းထဲသို့ မိမိကိုယ်တိုင်ကျလိမ့်မည်။ အပြစ်တင်စရာမရှိသောသူတို့မူကား ကောင်းသောအရာကို အမွေဆက်ခံရကြလိမ့်မည်။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသောသူသည် ကွေ့ကောက်သောလမ်းကိုလိုက်သည့် ချမ်းသာသောသူထက် ပို၍ကောင်း၏။
နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ မိမိ၏မြည်းကိုကုန်းနှီးတင်ပြီးလျှင် မောဘလူမျိုးတို့၏အကြီးအကဲတို့နှင့်အတူ လိုက်သွားလေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်က ဗာလမ်အား “သင်သည် မည်သည့်အတွက်ကြောင့် သင်၏မြည်းကို ဤသို့သုံးကြိမ်ရိုက်ရသနည်း။ သင်သွားသောလမ်းသည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သောကြောင့် သင့်ကိုတားဆီးရန် ငါလာ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း ဗာလမ်အား “ဤလူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါပြောသောစကားအတိုင်းသာ သင်ပြန်ပြောရမည်”ဟု ဆို၏။ သို့ဖြစ်၍ ဗာလမ်သည် ဗာလက်မင်းကြီး၏မှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။