သုတ္တံကျမ်း။ 28:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဖြောင့်မှန်သောသူကို မကောင်းသောလမ်းထဲသို့ လမ်းလွဲစေသောသူသည် မိမိ၏တွင်းထဲသို့ မိမိကိုယ်တိုင်ကျလိမ့်မည်။ အပြစ်တင်စရာမရှိသောသူတို့မူကား ကောင်းသောအရာကို အမွေဆက်ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible10 ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ဖြောင့် မှန် သူ တို့ ကို၊ မှား သော လမ်း ထဲ သို့ လိုက် သွား စေ သော သူ သည်၊ ကိုယ့် တွင်း သို့ ကျ လိမ့် မည်။ စုံ လင် သူ တို့ မူ ကား၊ ကောင်း ရာ ကို အ ပိုင် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible10 ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသောတွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူမူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။