ဂလာတိ 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို သို့ သ တင်း တော် မြတ် အ လိုက် စုံ လင် စွာ မ လျောက် မ လိုက် ကြ ကြောင်း ငါ သိ မြင် သော် ရှိ သ မျှ တို့ ရှေ့ ကေ ဖ အား ငါ ဆို သည် မှာ ယု ဒ လူ မျိုး ဖြစ် သော အ ချင်း သည် ယု ဒ လူ မျိုး တို့ ထုံး တမ်း မ ဟုတ်၊ လူ မျိုး ခြား တို့ ထုံး တမ်း အ တိုင်း နေ ထိုင် လျှင် လူ မျိုး ခြား တို့ ကို ယု ဒ လူ မျိုး တို့ ထုံး တမ်း အ တိုင်း အ ဘယ့် ကြောင့် လိုက် စေ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible14 သူတို့သည် မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တစ်ပါးအမျိုး၏ထုံးစံအတိုင်း ကျင့်လျှင်၊ တစ်ပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှာ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သူတို့သည် စစ်မှန်သောသတင်းကောင်းနှင့်အညီ ပြုမူနေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မြင်သောအခါ သူတို့အားလုံးရှေ့၌ ပေတရုအား “သင်သည် ဂျူးလူမျိုးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့ နေထိုင်လျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်နာရန် အဘယ်ကြောင့် အတင်းအကျပ် စေခိုင်းသနည်း” ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။