အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
သုတ္တံကျမ်း။ 15:8 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။ Common Language Bible မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။ Garrad Bible လူ ဆိုး တို့၏ ပူ ဇော် သ က္ကာ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ မူ ကား၊ နှစ် သက် တော် မူ ဖွယ် ဖြစ် ၏။ Judson Bible မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသောပတ္ထနာကိုကား၊ နှစ်သက်တော်မူ၏။ |
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။
ပညာရှိသောသူတို့၏နှုတ်ခမ်းသည် အသိပညာကိုပြန့်ပွားစေတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ထိုသို့မဟုတ်ပေ။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
တစ်စုံတစ်ဦးသည် ပညတ်တရားကိုနာယူနာခံခြင်းမရှိလျှင် သူ၏ဆုတောင်းချက်သည်ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဘုရားသခင်၏အိမ်တော်သို့သွားသောအခါ သင်၏ခြေလှမ်းကိုစောင့်ထိန်းလော့။ နားထောင်ရန်ချဉ်းကပ်ခြင်းသည် မိုက်မဲသောသူတို့နှင့်ဆိုင်သောယဇ်ကိုပူဇော်ခြင်းထက် ပို၍ကောင်း၏။ အကြောင်းမူကား သူတို့သည် မိမိတို့မကောင်းမှုပြုနေသည်ကို မသိကြချေ။
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
ငါထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်၏။ မတရားလုယက်မှုကို မုန်းတီး၏။ ငါသည် သစ္စာတရားနှင့်အညီ သူတို့အား အကျိုးအပြစ်ကိုပေးမည်။ သူတို့နှင့်ထာဝရပဋိညာဉ်ဖွဲ့မည်။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
သင်သည် နှစ်သက်မြတ်နိုးခြင်းကို ခံရသောသူဖြစ်သောကြောင့် သင် စတင်ဆုတောင်းစဉ်မှာပင် အမိန့်တော်ရှိသည်ဖြစ်၍ သင့်အား ပြောကြားရန် ငါရောက်လာပြီ။ သို့ဖြစ်၍ ဤစကားတော်ကို ဆင်ခြင်၍ ဗျာဒိတ်အာရုံကို သိရှိနားလည်လော့။
သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို နှစ်သက်တော်မူမည်လော။ ငါကျူးလွန်သောအပြစ်အတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ထဲ၌ ပြုသောအပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော။
ထိုအခါ ဟဂ္ဂဲက သူတို့အား “ထာဝရဘုရားက ‘ဤလူမျိုး၊ ဤပြည်သားတို့သည်လည်း ငါ့ရှေ့မှောက်တွင် ဤနည်းအတိုင်းပင် ဖြစ်၏။ သူတို့လက်နှင့်လုပ်ဆောင်သမျှတို့သည်လည်း ဤနည်းအတိုင်းပင် ဖြစ်၏။ သူတို့ပူဇော်သောအရာသည်လည်း ညစ်ညူး၏’ဟု မိန့်တော်မူ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ကိုးကွယ်ရမည်”ဟု မိန့်တော်မူ၏။