၂ ရာ 15:12 - မြန်မာ့စံမီသမ္မာကျမ်း12 အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 ပူ ဇော် ခြင်း အ မှု ကို ပြု ဆဲ တွင် အ ဗ ရှ လုံ သည် ဒါ ဝိဒ် မင်း ၏ တိုင် ပင် ခံ အ မတ်၊ ဂိ လော မြို့ သား၊ အ ဟိ သော ဖေ လ ကို နေ ရင်း ဂိ လော မြို့ မှ ခေါ် လေ၏။ အ ဗ ရှ လုံ့ ဘက် ပါ လူ တို့ တိုး ပွား များ ပြား လျက် အ တွင်း မီး အား ကြီး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သား အဟိသောဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည်တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီးလေ၏။ အခန်းကိုကြည့်ပါ။ |