Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 15:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထာဝရဘုရား​သည် ဆိုးယုတ်​သော​သူ​တို့​နှင့် ဝေးကွာ​တော်မူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား နားညောင်း​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ထာ ဝ ရ ဘု ရား သည်၊ လူ ဆိုး တို့ နှင့် ဝေး ကွာ တော် မူ၏။ သူ တော် ကောင်း တို့၏ ဆု တောင်း ပ ဌ နာ ကို ကား၊ နား ညောင်း တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 15:29
19 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် အချည်းနှီး​သော​စကား​ကို ဘုရားသခင် နားထောင်​တော်မူ​မည်​မ​ဟုတ်​။ အနန္တတန်ခိုးရှင် အာရုံစိုက်​တော်မူ​မည်​မ​ဟုတ်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အဝေး​၌​ရပ်​နေ​တော်မူ​သနည်း​။ ဘေးဒုက္ခ​ရောက်​ချိန်​၌ အဘယ်ကြောင့် ပုန်းကွယ်​၍​နေ​တော်မူ​သနည်း​။


အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။


သူ​တို့​အော်ဟစ်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ကြ​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။


အကယ်စင်စစ် ကိုယ်တော်​နှင့်​ဝေးကွာ​သော​သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။ ကိုယ်တော်​အပေါ်​သစ္စာ​မ​ရှိ​၊ ဖောက်ပြန်မှားယွင်း​သော​သူ​ရှိသမျှ​တို့​ကို ကိုယ်တော်​သည် ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။


သူ​တို့​သည် ငါ့​ကို​ခေါ်​ကြ​လိမ့်မည်​။ သို့သော် ငါ​သည် ထူး​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ့​ကို​ကြိုးစား​၍​ရှာ​ကြ​လိမ့်မည်​။ သို့သော် ငါ့​ကို​တွေ့​ရ​ကြ​မည်​မ​ဟုတ်​။


မျက်စိ​အလင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ ကောင်း​သော​သတင်းစကား​သည်​လည်း အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


သင်​တို့​၏​ဒုစရိုက်​များ​က​သာ သင်​တို့​ကို ဘုရားသခင်​နှင့် ကွဲကွာ​စေ​၏​။ သင်​တို့​အပြစ်​များ​က​သာ မျက်နှာ​တော်​ကို သင်​တို့​ထံမှ​လွှဲ​စေ​၍ သင်​တို့​စကား​ကို​ကြား​တော်​မ​မူ​ခြင်း​ဖြစ်​၏​။


ထိုအခါ ဤ​သူ​တို့​သည် ထာဝရ​အပြစ်ဒဏ်​ခံ​ရာ​သို့ သွား​ကြ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​မူကား ထာဝရ​အသက်ရှင်​ရာ​သို့ သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​သည် အပြစ်သား​တို့​ကို​နားညောင်း​တော်​မ​မူ။ သို့သော် မည်သူမဆို ဘုရားသခင်​ကို​ရိုသေ​လေးမြတ်​၍ အလို​တော်​ကို​ဆောင်ရွက်​လျှင် ထို​သူ​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။


အဘယ်ကြောင့်​ဆိုသော် ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​တော်မူ​၍ သူ​တို့​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၏။ သို့သော် မကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​ထံမှ ထာဝရ​ဘုရား​သည် မျက်နှာ​လွှဲ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ