ဒေသနာကျမ်း။ 5:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားသခင်၏အိမ်တော်သို့သွားသောအခါ သင်၏ခြေလှမ်းကိုစောင့်ထိန်းလော့။ နားထောင်ရန်ချဉ်းကပ်ခြင်းသည် မိုက်မဲသောသူတို့နှင့်ဆိုင်သောယဇ်ကိုပူဇော်ခြင်းထက် ပို၍ကောင်း၏။ အကြောင်းမူကား သူတို့သည် မိမိတို့မကောင်းမှုပြုနေသည်ကို မသိကြချေ။ အခန်းကိုကြည့်ပါ။Common Language Bible1 ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။ အခန်းကိုကြည့်ပါ။Garrad Bible1 ဘု ရား သ ခင်၏ ဗိ မာန် တော် သို့ ဝင် သော အ ခါ၊ သင့် ခြေ ကို စောင့် စည်း လော့။ ချဉ်း ကပ် နာ ယူ သော အ မှု သည်၊ လူ မိုက် တို့ ဆက် ကပ် ပူ ဇော် သ က္ကာ ထက် သာ၍ မြတ်၏။ ထို လူ မိုက် တို့ သည် အ မှတ် မဲ့ အ ဆိုး ကို ပြု တတ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ဘုရားသခင့်အိမ်တော်သို့သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော်ခြင်းအမှုထက်၊ တရားနာခြင်းအမှုကို သာ၍ကြိုးစားလော့။ လူမိုက်တို့သည် ကိုယ်အပြစ်ကို မဆင်ခြင်တတ်ကြ။ အခန်းကိုကြည့်ပါ။ |
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။