ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
သုတ္တံကျမ်း။ 14:35 - မြန်မာ့စံမီသမ္မာကျမ်း ပညာသတိရှိသောအစေအပါးကို ရှင်ဘုရင်နှစ်သက်တတ်၏။ အရှက်ကွဲစေသောသူအပေါ်၌မူကား အမျက်တော်သက်ရောက်တတ်၏။ Common Language Bible ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။ Garrad Bible သ တိ ပ ညာ ရှိ သော ကျွန် အား၊ ဘု ရင် မင်း သည် ကျေး ဇူး ပြု၏။ အ ရှက် ခွဲ တတ် သော ကျွန် မူ ကား၊ အ မျက် တော် ကို ခံ ရ၏။ Judson Bible ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကို ခံရမည်။ |
ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ဒေါသတကြီးနှင့် စပျစ်ဝိုင်သောက်ရာမှထ၍ နန်းတော်ဥယျာဉ်ဘက်သို့ ထွက်သွားလေ၏။ ဟာမန်မူကား ရှင်ဘုရင်သည် မိမိအား ကျိန်းသေအပြစ်ဒဏ်ပေးတော့မည်ကို သိသဖြင့် မိမိကိုအသက်ချမ်းသာပေးမည့်အကြောင်း မိဖုရားဧသတာရှေ့တွင်ရပ်လျက် တောင်းပန်လေ၏။
နွေရာသီ၌ ရှာဖွေစုဆောင်းသောသူသည် ပညာသတိရှိသောသားဖြစ်၏။ ရိတ်သိမ်းချိန်၌ အိပ်မောကျနေသောသူမူကား အရှက်ကွဲစေသောသားဖြစ်၏။
ဖြောင့်မတ်ခြင်းသည် တိုင်းပြည်ကိုချီးမြှောက်တတ်၏။ အပြစ်မူကား တိုင်းသူပြည်သားတို့ကို အရှက်ကွဲစေတတ်၏။
ရှင်ဘုရင်တို့သည် ဖြောင့်မတ်သောနှုတ်ခမ်းကိုနှစ်သက်၍ ဖြောင့်မှန်စွာပြောဆိုသောသူကို ချစ်ကြ၏။
ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။
ဖခင်အပေါ်ကြမ်းကြုတ်စွာပြုမူပြီး မိခင်ကိုနှင်ထုတ်သောသားသည် အရှက်ကွဲစေသောသား၊ မျက်နှာပျက်စေသောသားဖြစ်၏။
ပညာရှိသောရှင်ဘုရင်သည် ဆိုးယုတ်သောသူတို့ကို လှေ့၍ သူတို့အပေါ်၌ စပါးခြွေသောဘီးကိုလှိမ့်တတ်၏။
တရားစီရင်ရာပလ္လင်ပေါ်တွင်ထိုင်သော ရှင်ဘုရင်သည် မကောင်းမှုရှိသမျှကို မိမိ၏မျက်စိဖြင့် လွင့်သွားစေတတ်၏။
စိတ်နှလုံးစင်ကြယ်ခြင်းကိုနှစ်သက်၍ ယဉ်ကျေးသိမ်မွေ့စွာပြောဆိုတတ်သောသူသည် ရှင်ဘုရင်၏မိတ်ဆွေဖြစ်ရလိမ့်မည်။
ရှင်ဘုရင်၏ရှေ့မှောက်မှ ဆိုးယုတ်သောသူကိုဖယ်ထုတ်လျှင် သူ၏ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း၌ တည်မြဲလိမ့်မည်။
အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။