သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
ဝတ်ပြု 9:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ကိုလည်း ‘အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ် နွားသငယ်တစ်ကောင်နှင့်သိုးသငယ်တစ်ကောင်၊ Common Language Bible ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်၊ အပြစ်အနာကင်းသောတစ်နှစ်သား အရွယ်နွားကလေးတစ်ကောင်နှင့် သိုးငယ် တစ်ကောင်ကိုမီးရှို့ရာယဇ်အဖြစ်၊ နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကို မိတ်သဟာ ယယဇ်အဖြစ်ပူဇော်ရမည်ဟု ဣသရေလ အမျိုးသားတို့အားဆင့်ဆိုလော့။ သူတို့ သည်ထိုယဇ်ကောင်များကိုဆီနှင့်ရောသော ဘောဇဉ်ပူဇော်သကာနှင့်အတူ ထာဝရ ဘုရားအားပူဇော်ရမည်။ ယနေ့တွင်ထာ ဝရဘုရားသည်သူတို့ထံသို့ကြွလာ တော်မူမည်'' ဟုဆို၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား လည်း သင် တို့ ရှေ့ ယ နေ့ ထာ ဝ ရ ဘု ရား ထင် ရှား တော် မူ မည် ဖြစ်၍ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆိတ် ထီး ကို လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ကြန် အင် စုံ လျက် အ ခါ လည် သော နွား သား ငယ် နှင့် သိုး သား ငယ် ကို လည်း ကောင်း၊ မိတ် သ ဟာ ယ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ပူ ဇော် ရန် နွား နှင့် သိုး ထီး ကို လည်း ကောင်း၊ ဆီ ရော သော ဘော ဇဉ် သ က္ကာ ကို လည်း ကောင်း၊ ဆောင် ယူ ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု အာ ရုန် အား မိန့် ဆို သည့် အ တိုင်း၊ Judson Bible ဣသရေလအမျိုးသားတို့အားလည်း သင်တို့သည်အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ အပြစ်မပါအခါလည်သော နွားသငယ်တစ်ကောင်၊ သိုးသငယ်တစ်ကောင်၊ |
သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
သူတို့ကလည်း မိမိတို့မယားများကို ကွာမည်ဟု ဝန်ခံကြပြီး ကိုယ့်အပြစ်အတွက် သိုးအုပ်ထဲမှသိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
ထို့နောက် မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်အကြောင်း စုံစမ်းမေးမြန်းသောအခါ ၎င်းကိုမီးရှို့ပြီးနှင့်ပြီကို သိမြင်လေ၏။ ထို့ကြောင့် သူသည် အာရုန်၏အသက်ရှင်ကျန်ရစ်ခဲ့သောသား ဧလာဇာ၊ ဣသမာတို့အား အမျက်ထွက်၍
သားယောက်ျားအတွက်ဖြစ်စေ၊ သမီးမိန်းကလေးအတွက်ဖြစ်စေ သန့်စင်ရာနေ့ရက်ပြည့်သောအခါ သူသည် မီးရှို့ရာယဇ်အတွက် တစ်နှစ်သားအရွယ်သိုးသငယ်တစ်ကောင်နှင့် အပြစ်ဖြေရာယဇ်အတွက် ခိုငယ်တစ်ကောင်၊ သို့မဟုတ် ချိုးငှက်တစ်ကောင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။
ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုသတ်၍ ၎င်း၏သွေးကို ကန့်လန့်ကာအတွင်းဘက်သို့ယူဆောင်လာရမည်။ နွားထီး၏သွေးကိုဖျန်းသကဲ့သို့ ဆိတ်ထီးကလေး၏သွေးကိုလည်း ကရုဏာတော်ပလ္လင်ပေါ်၌လည်းကောင်း၊ ကရုဏာတော်ပလ္လင်ရှေ့၌လည်းကောင်း ဖျန်းရမည်။
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးနှစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ကို အစ္စရေးအမျိုးသားလူထုထံမှ ယူရမည်။
သီးနှံအစည်းကို ချီလွှဲသောနေ့၌ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် အပြစ်အနာအဆာကင်းသော ဆိတ်သငယ်အထီးတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
အာရုန်အား “အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားသငယ်တစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက် အပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို သင့်အဖို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။
ထာဝရဘုရားရှေ့တော်၌ မိတ်သဟာယယဇ်ကို ပူဇော်ရန်အတွက် နွားတစ်ကောင်နှင့်သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသောဘောဇဉ်ပူဇော်သက္ကာကို ယူဆောင်လာလော့’ဟု ဆင့်ဆိုလော့။ ထာဝရဘုရားသည် ယနေ့ သင်တို့အား ကိုယ်ထင်ရှားပြတော်မူမည်”ဟု ဆို၏။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး