Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 16:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​နှစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ကို အစ္စရေး​အမျိုးသား​လူထု​ထံမှ ယူ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဣ သ ရေ လ အ မျိုး သား ပ ရိ သတ် မှ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆိတ် ထီး နှစ် ကောင်၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး ထီး တစ် ကောင် ကို ခံ ယူ ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 16:5
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် တိုင်းပြည်​အတွက်​၊ သန့်ရှင်းရာဌာန​တော်​အတွက်​၊ ယုဒ​ပြည်သူ​တို့​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​၊ သိုးသငယ် ခုနစ်​ကောင်​၊ ဆိတ်ထီး ခုနစ်​ကောင်​တို့​ကို ယူဆောင်​လာ​ပြီး ဟေဇကိ​မင်းကြီး​က အာရုန်​၏​သားမြေး​ယဇ်ပုရောဟိတ်​တို့​အား ထာဝရဘုရား​၏​ယဇ်ပလ္လင်​ပေါ်တွင်​ပူဇော်​ရန် မိန့်ဆို​၏​။


ဘုရားသခင်​၏​အိမ်​တော်​ဆက်ကပ်​ပွဲ​တွင် နွား​အကောင်​တစ်ရာ​၊ သိုးထီး​အကောင်​နှစ်ရာ​၊ သိုးသငယ်​အကောင်​လေး​ရာ​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အပြစ်ဖြေရာယဇ်​အဖို့ အစ္စရေး​အမျိုးအနွယ်​အရေအတွက်​နှင့်အညီ ဆိတ်ထီး​တစ်ဆယ့်​နှစ်​ကောင်​တို့​ကို ပူဇော်​ကြ​၏​။


သူ​သည် သိုးဆိတ်​များ​ထဲမှ သိုး​ကို​ဖြစ်စေ​၊ ဆိတ်​ကို​ဖြစ်စေ မီးရှို့ရာယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​ကို ပူဇော်​ရ​မည်​။


ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် အပြစ်ပြု​သဖြင့် လူ​တို့​အပေါ် အပြစ်​သက်ရောက်​စေ​လျှင်​လည်းကောင်း သူ​ကျူးလွန်​သော​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သည့် နွားထီးပျို​တစ်​ကောင်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။


ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။


“​အာရုန်​နှင့်​သူ​၏​သား​များ​၊ အဝတ်တန်ဆာ​များ​၊ ဘိသိက်​ဆီ​၊ အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တဆေးမဲ့မုန့်​တောင်း​ကို ယူဆောင်​လာ​ပြီး


အာရုန်​အား “​အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားသငယ်​တစ်​ကောင်​နှင့် မီးရှို့ရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို သင့်​အဖို့​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​လော့​။


အပြစ်ဖြေလွှတ်​ခြင်း​နှင့်ဆိုင်သော​အပြစ်ဖြေရာယဇ်​၊ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​နှင့်ဆိုင်သော​ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ ပုံမှန်​မီးရှို့ရာယဇ်​တို့​နှင့်ဆိုင်သော​သွန်းလောင်းရာပူဇော်သက္ကာ​တို့​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။


ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ