နှင်းကွဲပြီးမှ တောကန္တာရ၏မြေမျက်နှာပြင်ပေါ်တွင် မြေပေါ်မှသေးငယ်သောနှင်းခဲသဖွယ် အချပ်အလွှာကလေးများကိုတွေ့ရ၏။
ဝတ်ပြု 8:11 - မြန်မာ့စံမီသမ္မာကျမ်း ဘိသိက်ဆီအချို့ကို ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှ၊ အင်တုံနှင့်အင်တုံ၏ခြေတိုင်တို့ကို သန့်ရှင်းစေရန် ဘိသိက်သွန်း၏။ Common Language Bible ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။- Garrad Bible ပူ ဇော် ရာ ပ လ္လင် တော် ပေါ် မှာ ခု နစ် ကြိမ် ဖျန်း ၍ ပ လ္လင် တော် နှင့် အ သုံး အ ဆောင် ရှိ သ မျှ ကို လည်း ကောင်း၊ အင် တုံ နှင့် အောက် ခြေ ကို လည်း ကောင်း သွန်း လျက် သီး သန့် စေ ခြင်း၊ Judson Bible ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာခုနစ်ကြိမ်ဖျန်း၍၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် ခြေထောက်ကိုလည်းကောင်း၊ သန့်ရှင်စေခြင်းငှာလိမ်းလေ၏။ |
နှင်းကွဲပြီးမှ တောကန္တာရ၏မြေမျက်နှာပြင်ပေါ်တွင် မြေပေါ်မှသေးငယ်သောနှင်းခဲသဖွယ် အချပ်အလွှာကလေးများကိုတွေ့ရ၏။
မောရှေက သူတို့အား “မည်သူမျှ ထိုမုန့်ကို နံနက်တိုင်အောင်မကြွင်းကျန်စေရ”ဟု ဆိုသော်လည်း
အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် နေ့စဉ်ပူဇော်ရမည်။ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုခြင်းဖြင့် ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။ ယဇ်ပလ္လင်ကိုဘိသိက်သွန်းခြင်းဖြင့် ၎င်းကိုသန့်ရှင်းစေရမည်။
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ၎င်းကိုသန့်ရှင်းစေရမည်။ ထိုအခါ ယဇ်ပလ္လင်သည် အထူးသန့်ရှင်းခြင်းသို့ရောက်လိမ့်မည်။ ထိုယဇ်ပလ္လင်ကိုထိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
သင်သည် ထိုအရာတို့ကို သန့်ရှင်းစေသဖြင့် ၎င်းတို့သည် အထူးသန့်ရှင်းသောအရာဖြစ်လိမ့်မည်။ ထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခု သင်၏လက်ကို သင့်ရင်ခွင်ထဲသို့သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိ၏လက်ကို ရင်ခွင်ထဲသို့သွင်းပြီး ပြန်ထုတ်သောအခါ သူ၏လက်သည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြစ်လေ၏။
သူသည် လူမျိုးများစွာတို့ကို သန့်ရှင်းစေမည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် နှုတ်ပိတ်လျက်နေမည်။ အကြောင်းမူကား သူတို့အား မပြောပြဖူးသောအရာကို သူတို့သိမြင်ကြလိမ့်မည်။ သူတို့မကြားဖူးသောအရာကိုလည်း သူတို့နားလည်ကြလိမ့်မည်။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
မိမိ၏ယာဘက်လက်ချောင်းကို ဘယ်ဘက်လက်ဖဝါးထဲရှိဆီထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၌ ထိုဆီကို မိမိလက်ချောင်းဖြင့် ခုနစ်ကြိမ်ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် မိမိလက်ချောင်းကို သွေးထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၊ ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်ရမည်။ သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ သန့်ရှင်းရာဌာန၏ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။