“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
မ ပြု ရ ဟု ငါ ထာ ဝ ရ ဘု ရား ပ ညတ် တော် မူ သော အ ရာ ရာ ကို မ တော် တ ဆ ပြု ကျင့် ပြစ် မှား သူ တို့ နှင့် စပ် လျဉ်း၍ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။
ထို့နောက် အဘိမလက်မင်းကြီးသည် အာဗြဟံကိုဆင့်ခေါ်၍ “သင်သည် ငါတို့အား မည်သို့ပြုဘိသနည်း။ သင့်ကို ငါမည်သို့ပြစ်မှားမိသဖြင့် သင်သည် ငါ့အပေါ်၌လည်းကောင်း၊ ငါ့နိုင်ငံအပေါ်၌လည်းကောင်း ကြီးလေးသောအပြစ်ကို ကျရောက်စေသနည်း။ သင်သည် မပြုသင့်သောအမှုတို့ကို ငါ၌ပြုလေပြီတကား”ဟု သူ့အား မိန့်ဆို၏။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
တစ်စုံတစ်ယောက်သည် သန့်ရှင်းသောပူဇော်သက္ကာကို မရည်ရွယ်ဘဲစားမိလျှင် ထိုသန့်ရှင်းသောပူဇော်သက္ကာနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာ၏ငါးပုံတစ်ပုံထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အား ပြန်ပေးရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား
အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
သာမန်လူထဲမှတစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
မရည်ရွယ်ဘဲလူကိုသတ်မိသောလူသတ်သမားတို့ ထွက်ပြေးပြီး ခိုလှုံနိုင်သောမြို့တို့ကို သင်တို့ ရွေးချယ်ရမည်။
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။
သူကိုယ်တိုင်လည်း အားနည်းခြင်းများရှိသည်ဖြစ်၍ အသိတရားကင်းမဲ့လျက် လမ်းလွဲသောသူတို့ကို စာနာထောက်ထားနိုင်၏။
ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။
သို့သော် ခမည်းတော်သည် လူတို့အား ကျိန်ဆိုစေသည်ကို ယောနသန်မသိ။ ထို့ကြောင့် သူ၏လက်ကိုဆန့်ပြီး သူကိုင်ထားသောတောင်ဝှေးအဖျားကို ပျားလပို့ထဲသို့နှစ်၍ ပျားရည်ကိုလက်နှင့်ယူစားလိုက်ရာ အားပြည့်လန်းဆန်းလာလေ၏။