ထို့နောက် ယာကုပ်က “ဘုရားသခင်သည် အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားသောဤခရီးတွင် အကျွန်ုပ်ကိုစောင့်ရှောက်လျက် စားစရာအစာနှင့် ဝတ်စရာအဝတ်ကို အကျွန်ုပ်အားပေးသနားတော်မူသဖြင့်
ဝတ်ပြု 22:21 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ကတိသစ္စာဝတ်ကိုဖြေလိုလျှင်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအဖြစ် နွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်ထဲမှဖြစ်စေ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်လိုလျှင် လက်ခံတော်မူမည့်အကြောင်း အပြစ်အနာအဆာကင်းသောအကောင်ကို ပူဇော်ရမည်။ အနာအဆာ မရှိရ။ Common Language Bible တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် အ ထူး သ စ္စာ ဝတ် အ လျောက် ဖြစ် စေ၊ စေ တ နာ အ လျောက် ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ထံ နွား၊ သိုး၊ ဆိတ် အုပ် အ နက် မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို တင် သွင်း သော် ကြန် အင် မ ယွင်း ဘဲ စုံ လင် သော အ ကောင် သာ လက် ခံ ဖွယ် ဖြစ် ၏။ Judson Bible သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအားယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှာစုံလင်ရမည်။ အပြစ်တစ်စုံတစ်ခုမျှ မရှိရ။ |
ထို့နောက် ယာကုပ်က “ဘုရားသခင်သည် အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားသောဤခရီးတွင် အကျွန်ုပ်ကိုစောင့်ရှောက်လျက် စားစရာအစာနှင့် ဝတ်စရာအဝတ်ကို အကျွန်ုပ်အားပေးသနားတော်မူသဖြင့်
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
“ကျွန်မသည် မိတ်သဟာယယဇ်များပူဇော်ရန်ရှိ၍ ယနေ့ပင် ကျွန်မ၏ကတိသစ္စာတို့ကို ပြည့်စုံစေပါပြီ။
မျက်စိကန်းသောအကောင်၊ ဒဏ်ရာရသောအကောင်၊ အင်္ဂါချို့ယွင်းသောအကောင်၊ ပြည်တည်နာစွဲသောအကောင်၊ နှင်းခူစွဲသောအကောင်၊ ယားနာစွဲသောအကောင် တို့ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်တို့ကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပလ္လင်ပေါ် မတင်ရ။
သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
သူသည် ထာဝရဘုရားအား သိုးဆိတ်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီး၊ သို့မဟုတ် အမကို ပူဇော်ရမည်။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ မိတ်သဟာယယဇ်အတွက်ဖြစ်စေ နွားသငယ်ကို မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာအဖြစ် ထာဝရဘုရားအားပူဇော်လျှင်