တောလည် 15:3 - မြန်မာ့စံမီသမ္မာကျမ်း3 ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာအတွက်ဖြစ်စေ၊ သတ်မှတ်သောပွဲတော်များအတွက်ဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကို ထာဝရဘုရားထံ ပူဇော်လိုလျှင် နွား၊ သို့မဟုတ် သိုးကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားထံ မီးဖြင့်ပူဇော်နိုင်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ``သင်တို့သည်ထာဝရဘုရားအားမီးရှို့ ရာယဇ်ဖြစ်စေ၊ သစ္စာဝတ်ဖြေရာယဇ်ဖြစ် စေ၊ စေတနာအလျောက်ပူဇော်သောသကာ ကိုဖြစ်စေကျင်းပမြဲဘာသာရေးပွဲတော် များ၌ ပူဇော်သောပူဇော်သကာကိုဖြစ် စေပူဇော်သည့်အခါ သိုး၊ နွား၊ ဆိတ်တို့ကို ပူဇော်နိုင်သည်။ ဤသကာတို့၏ရနံ့ကို ထာဝရဘုရားနှစ်သက်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 အ ထူး သ စ္စာ ဝတ် အ လျောက် ဖြစ် စေ၊ စေ တ နာ အ လျောက် ဖြစ် စေ၊ ပြု မြဲ ပွဲ အ လျောက် ဖြစ် စေ၊ မိတ် သ ဟာ ယ သ က္ကာ ကို သော် လည်း ကောင်း၊ မီး ရှို့ ရာ သ က္ကာ ကို သော် လည်း ကောင်း၊ နွား၊ သိုး၊ ဆိတ် အုပ် အ နက် စိတ် တော် ပြေ ဘွယ် ရ နံ့ မီး ပူ ဇော် ရာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် လို က။ အခန်းကိုကြည့်ပါ။Judson Bible3 သစ္စာကတိရှိ၍ ပူဇော်သော်လည်းကောင်း၊ အလိုလိုပူဇော်သော်လည်းကောင်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်လည်းကောင်း၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွားအားဖြင့် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ကိုပြုခြင်းငှာ အလိုရှိလျှင်၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။