Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 22:21 - Common Language Bible

21 တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 လူ တစ် ဦး တစ် ယောက် သည် အ ထူး သ စ္စာ ဝတ် အ လျောက် ဖြစ် စေ၊ စေ တ နာ အ လျောက် ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ထံ နွား၊ သိုး၊ ဆိတ် အုပ် အ နက် မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို တင် သွင်း သော် ကြန် အင် မ ယွင်း ဘဲ စုံ လင် သော အ ကောင် သာ လက် ခံ ဖွယ် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ သိုး၊ ဆိတ်၊ နွား​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ​စုံ​လင်​ရ​မည်။ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 တစ်စုံတစ်ယောက်​သည် ကတိသစ္စာဝတ်​ကို​ဖြေ​လို​လျှင်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် နွားအုပ်​ထဲမှ​ဖြစ်စေ၊ သိုးအုပ်​ထဲမှ​ဖြစ်စေ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​လို​လျှင် လက်ခံ​တော်မူ​မည့်​အကြောင်း အပြစ်အနာအဆာကင်း​သော​အကောင်​ကို ပူဇော်​ရ​မည်​။ အနာအဆာ မ​ရှိ​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:21
13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊-


ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင် ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။


မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။


ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။


မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။-


တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နွား​တစ်​ကောင် ကို​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် ထို​နွား​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး သို့​မ​ဟုတ်​နွား​မ​ဖြစ်​ရ​မည်။-


သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် အ​ပြစ်​အ​နာ​ကင်း သော​အ​ထီး​ကို​ဖြစ်​စေ​အ​မ​ကို​ဖြစ်​စေ​ပူ ဇော်​ရ​မည်။-


``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့ ရာ​ယဇ်​ဖြစ်​စေ၊ သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ်​ဖြစ် စေ၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော်​သော​သ​ကာ ကို​ဖြစ်​စေ​ကျင်း​ပ​မြဲ​ဘာ​သာ​ရေး​ပွဲ​တော် များ​၌ ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ကို​ဖြစ် စေ​ပူ​ဇော်​သည့်​အ​ခါ သိုး၊ နွား၊ ဆိတ်​တို့​ကို ပူ​ဇော်​နိုင်​သည်။ ဤ​သ​ကာ​တို့​၏​ရ​နံ့​ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​အား​နွား​ထီး​ကို​မီး​ရှို့ ရာ​ယဇ်​သို့​မ​ဟုတ်​သစ္စာ​ဝတ်​ဖြေ​ရာ​ယဇ် သို့​မ​ဟုတ်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ ဇော်​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ