Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 22:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 တစ်စုံတစ်ယောက်​သည် ကတိသစ္စာဝတ်​ကို​ဖြေ​လို​လျှင်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် နွားအုပ်​ထဲမှ​ဖြစ်စေ၊ သိုးအုပ်​ထဲမှ​ဖြစ်စေ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​လို​လျှင် လက်ခံ​တော်မူ​မည့်​အကြောင်း အပြစ်အနာအဆာကင်း​သော​အကောင်​ကို ပူဇော်​ရ​မည်​။ အနာအဆာ မ​ရှိ​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 တစ်​စုံ​တစ်​ယောက်​သည်​ငါ့​အား​မိတ်​သ​ဟာ​ယ ယဇ်​ပူ​ဇော်​သည့်​အ​ခါ က​တိ​သစ္စာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ စေ​တ​နာ​အ​လျောက် ပူ​ဇော်​လျှင်​ဖြစ်​စေ၊ ငါ​လက်​ခံ​နိုင်​ရန် ယဇ်​ကောင်​တွင်​အ​နာ​အ​ဆာ​ကင်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 လူ တစ် ဦး တစ် ယောက် သည် အ ထူး သ စ္စာ ဝတ် အ လျောက် ဖြစ် စေ၊ စေ တ နာ အ လျောက် ဖြစ် စေ၊ ထာ ဝ ရ ဘု ရား ထံ နွား၊ သိုး၊ ဆိတ် အုပ် အ နက် မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို တင် သွင်း သော် ကြန် အင် မ ယွင်း ဘဲ စုံ လင် သော အ ကောင် သာ လက် ခံ ဖွယ် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သ​စ္စာ​က​တိ​ရှိ၍​ပြု​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ သိုး၊ ဆိတ်၊ နွား​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​လို​လျှင်၊ စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ​စုံ​လင်​ရ​မည်။ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:21
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယာကုပ်​က “​ဘုရားသခင်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​၍ အကျွန်ုပ်​သွား​သော​ဤ​ခရီး​တွင် အကျွန်ုပ်​ကို​စောင့်ရှောက်​လျက် စားစရာ​အစာ​နှင့် ဝတ်​စရာ​အဝတ်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​သဖြင့်


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။


မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော လုပ်ဆောင်​ရ​မည့်​အလုပ်​အမျိုးမျိုး​အတွက် စိတ်စေတနာ​ရှိ​သော အစ္စရေး​အမျိုးသား​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။


“​ကျွန်မ​သည် မိတ်သဟာယယဇ်​များ​ပူဇော်​ရန်​ရှိ​၍ ယနေ့​ပင် ကျွန်မ​၏​ကတိသစ္စာ​တို့​ကို ပြည့်စုံ​စေ​ပါ​ပြီ​။


မျက်စိကန်း​သော​အကောင်​၊ ဒဏ်ရာ​ရ​သော​အကောင်​၊ အင်္ဂါ​ချို့ယွင်း​သော​အကောင်​၊ ပြည်တည်နာ​စွဲ​သော​အကောင်​၊ နှင်းခူ​စွဲ​သော​အကောင်​၊ ယားနာ​စွဲ​သော​အကောင် တို့​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​တို့​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ် မ​တင်​ရ​။


သူ​သည် နွား​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော အထီး​ကို​ဖြစ်စေ​၊ အမ​ကို​ဖြစ်စေ ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​ရ​မည်​။


သူ​သည် ထာဝရဘုရား​အား သိုးဆိတ်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​အထီး​၊ သို့မဟုတ် အမ​ကို ပူဇော်​ရ​မည်​။


ကတိသစ္စာဝတ်​ဖြေ​ရန်​အတွက်​ဖြစ်စေ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အတွက်​ဖြစ်စေ​၊ သတ်မှတ်​သော​ပွဲတော်​များ​အတွက်​ဖြစ်စေ မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ ပူဇော်​လို​လျှင် နွား​၊ သို့မဟုတ် သိုး​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​နိုင်​၏​။


ကတိသစ္စာဝတ်​ဖြေ​ရန်​အတွက်​ဖြစ်စေ​၊ မိတ်သဟာယယဇ်​အတွက်​ဖြစ်စေ နွားသငယ်​ကို မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အား​ပူဇော်​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ