ဝတ်ပြု 3:1 - မြန်မာ့စံမီသမ္မာကျမ်း1 သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible1 တစ်စုံတစ်ယောက်သည် မိမိ၏နွားတစ်ကောင် ကိုမိတ်သဟာယယဇ်အဖြစ်ပူဇော်လိုလျှင် ထိုနွားသည်အပြစ်အနာကင်းသောနွားထီး သို့မဟုတ်နွားမဖြစ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible1 နွား အုပ် မှ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ကို တင် သွင်း လှူ ဒါန်း လျှင် ကြန် အင် စုံ သော အ ထီး အ မ တစ် ကောင် ကောင် ကို ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း စေ။ အခန်းကိုကြည့်ပါ။Judson Bible1 နွားကိုမိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကို၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။ အခန်းကိုကြည့်ပါ။ |
“သိုးအုပ်ထဲတွင် သိုးထီးရှိလျက်၊ ကတိသစ္စာလည်း ပြုလျက်နှင့်ပင် ဘုရားရှင်အား အနာအဆာရှိသောသိုးကိုပူဇော်သောသူသည် ကျိန်ခြင်းကို ခံသင့်၏။ အကြောင်းမူကား ငါသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။ ငါ့နာမသည်လည်း လူမျိုးတကာတို့တွင် ကြောက်ရွံ့ဖွယ်ဖြစ်၏”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်ရန် ယူဆောင်လာခြင်းသည် အပြစ်မဟုတ်လော၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယဇ်ပူဇော်ခြင်းသည် အပြစ်မဟုတ်လော၊ ထိုသို့သောအကောင်ကို သင့်ဘုရင်ခံအား ဆက်သကြည့်ပါလော့။ သူလက်ခံပြီး သင့်ကို မျက်နှာသာပေးလိမ့်မည်လော”ဟု မိန့်တော်မူ၏။