Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 22:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 မျက်စိကန်း​သော​အကောင်​၊ ဒဏ်ရာ​ရ​သော​အကောင်​၊ အင်္ဂါ​ချို့ယွင်း​သော​အကောင်​၊ ပြည်တည်နာ​စွဲ​သော​အကောင်​၊ နှင်းခူ​စွဲ​သော​အကောင်​၊ ယားနာ​စွဲ​သော​အကောင် တို့​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​တို့​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ် မ​တင်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 မျက်​စိ​ကန်း​သော​တိ​ရစ္ဆာန်၊ ခြေ​လက်​ပြတ် သော​တိ​ရစ္ဆာန်၊ ပြည်​ထွက်​သော​အ​နာ​ရှိ​သည့် တိ​ရစ္ဆာန်၊ အ​ရေ​ပြား​တွင်​ယား​နာ၊ ဝဲ​နာ​စွဲ သော​တိ​ရစ္ဆာန်​တို့​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ မ​ပူ​ဇော်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အ ကန်း၊ အ ကျိုး၊ အင်္ဂါ ပျက်၊ ပြည် တည် နာ၊ ဝဲ နာ၊ ကျောက် နာ ရှိ သော အ ကောင် ကို ထာ ဝ ရ ဘု ရား ထံ တင် သွင်း ခြင်း၊ ပ လ္လင် တော် ပေါ် တွင် မီး ပူ ဇော် ခြင်း မ ပြု ကြ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 မျက်​စိ​ကန်း​သော​အ​ပြစ်၊ အ​ရိုး​ကျိုး​သော​အ​ပြစ်၊ အင်္ဂါ​ချို့​တဲ့​သော​အ​ပြစ်၊ မြင်း​ဖု​ရှိ​သော​အ​ပြစ်၊ ဝဲ​နာ၊ ယား​နာ​စွဲ​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား မ​ပူ​ဇော်​ရ။ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:22
9 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အူ​နှင့်​ခြေထောက်​ကို ရေ​ဖြင့်​ဆေးကြော​ရ​မည်​။ ထို့နောက် ယဇ်ပုရောဟိတ်​သည် ထို​အရာ​အားလုံး​ကို ယူဆောင်​လာ​၍ မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။


သူ​သည် အူ​နှင့်​ခြေထောက်​ကို ရေ​ဖြင့်​ဆေးကြော​ရ​မည်​။ ထို့နောက် ယဇ်ပုရောဟိတ်​သည် ထို​အရာ​အားလုံး​ကို မီးရှို့ရာယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော မွှေးကြိုင်​သည့်​ရနံ့ ဖြစ်​၏​။


အနာအဆာ​ပါ​သော​မည်သည့်​အကောင်​ကို​မျှ မ​ပူဇော်​ရ​။ ပူဇော်​လျှင် သင်​တို့​အား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။


တစ်စုံတစ်ယောက်​သည် ကတိသစ္စာဝတ်​ကို​ဖြေ​လို​လျှင်​၊ သို့မဟုတ် စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် နွားအုပ်​ထဲမှ​ဖြစ်စေ၊ သိုးအုပ်​ထဲမှ​ဖြစ်စေ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ကို ပူဇော်​လို​လျှင် လက်ခံ​တော်မူ​မည့်​အကြောင်း အပြစ်အနာအဆာကင်း​သော​အကောင်​ကို ပူဇော်​ရ​မည်​။ အနာအဆာ မ​ရှိ​ရ​။


ကိုယ်အင်္ဂါပုံပျက်​၍ ပိန်လှီ​သော နွား​၊ သို့မဟုတ် သိုးသငယ်​ကို စေတနာ​အလျောက် ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​သော်လည်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန်​အတွက်​ကား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။


သူ​သည် ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် မိတ်သဟာယယဇ်ကောင်​မှ အူ​ကို​ဖုံး​နေ​သည့်​အဆီ​၊ အူ​၌​ရှိ​သည့်​အဆီ​အားလုံး​၊


၎င်း​ကို အာရုန်​၏​သား​တို့​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့် ထင်း​များ​ပေါ်၌​တင်​ထား​သော မီးရှို့ရာယဇ်​ပေါ်၌ ရှို့​ရ​မည်​။ ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မွှေးကြိုင်​သည့်​ရနံ့​ဖြစ်​၏​။


တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “မျက်စိကန်း​သော​အကောင်​ကို ယဇ်ပူဇော်​ရန် ယူဆောင်​လာ​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယဇ်ပူဇော်​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ထိုသို့​သော​အကောင်​ကို သင့်​ဘုရင်ခံ​အား ဆက်သ​ကြည့်​ပါ​လော့​။ သူ​လက်ခံ​ပြီး သင့်​ကို မျက်နှာသာ​ပေး​လိမ့်မည်​လော​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ